စစ်ဧကရာဇ်(Chpater:1626)
(တစ်ဆယ့်ရှစ်ကြိမ် အသွင်ပြောင်းလက်နက်)
..............................................................
လီကွမ်ရီက မီးလျှံအိုးကို ထိန်းချုပ်လိုက်ရာ မီးတောက်မီးလျှံများ ထွက်ပေါ်လာခဲ့၏။ သူက မီးလျှံများကို လိုသလိုထိန်းချုပ်ပြီး ရတနာလက်နက်ဖန်တီးရန် ကြိုးစားနေခဲ့သည်။အချိန်တိုအတွင်းမှာပင် မီးလျှံများက အသွင်အမျိုးမျိုး ပြောင်းလဲသွားသည်။ ထိုအချက်က သူ၏ မီးလျှံထိန်းချုပ်မှု အရည်အသွေးကို ဖော်ပြနေပေသည်။ မီးလျှံများသည် မာန်ဟုန်ပြင်းပြင်း ရွာကျနေသည့် မိုးသီးမိုးပေါက်များနှယ် ရတနာလက်နက်များအပေါ်သို့ ကျဆင်းနေကြသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ရတနာလက်နက်၏ အရောင်အဆင်းက တဖြည်ဖြည်း စတင်ပြောင်းလဲလာသည်။ ဤသည်မှာ လက်နက်ဖန်တီးရာ၌ အခြေခံအကျဆုံးအပိုင်း ဖြစ်ပေသည်။ တစ်ချိန်တည်းမှာပင် လီကွမ်ရီက သွေးသားစွမ်အင်များကို ရတနာလက်နက်အတွင်း စီးဝင်ပေါင်းစပ်စေလိုက်၏။ ထိုအခါ ရတနာလက်နက်က ကိုယ်ပိုင်နှလုံးသားနှင့် အသက်ရှိသကဲ့သို့ ဖြစ်လာလေသည်။
ဝီး ... ဝီး ... မီးလျှံများကြား လောင်မြိုက်ခံနေရသည့် ရတနာလက်နက်လေးက စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်လာကာ နောက်ဆုံး၌ အပ်များအဖြစ် ပြောင်းလဲသွားသည်။ ထိုအပ်များသည် ဖြူတစ်ကောင်ကဲ့သို့ တစ်စုံတစ်ခုကို အုပ်မိုးထားသည့်အသွင် ဖြစ်လာပြန်သည်။ နောက်တစ်ဖန် နံရံငယ်တစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။
ဤသို့ဖြင့် မတူညီသော ပုံသဏ္ဍာန်အမျိုးမျိုးအဖြစ် အကြိမ်ကြိမ် ဆင့်ကဲပြောင်းလဲနေပေသည်။ ဤရတနာကို အဖိုးတန် ရှားပါးပစ္စည်းများနှင့် ဘိုးဘေးသစ်ပင်၏ ပင်စည်အစိတ်အပိုင်းတစ်ခုကို အသုံးပြုပြီး သန့်စင်ဖန်တီးနေခြင်း ဖြစ်သည်။ ဤအဆင့်ရှိ ရတနာလက်ကို ဖန်တီးရန်မှာ မလွယ်လှချေ။ သို့သော် ယခုလုပ်နေသူမှာ လီကွမ်ရီဖြစ်၏။ ကမ္ဘာကိုးခုမှာတော့ လက်နက်ဖန်တီးမှုအပိုင်း၌ သူ့ကို ယှဥ်နိုင်သူမရှိချေ။ နောက်ဆုံးတွင် ခက်ခဲသော လုပ်ငန်းစဥ်က ပြီးဆုံးသွားပြီး ပြီးပြည့်စုံသော ရတနာလက်နက်တစ်ခု ထွက်ပေါ်လာလေသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...