1666 - 1670

64 5 0
                                    

စစ်ဧကရာဇ်(Chapter:1666)
(မတွေးမိသည့်အဖြေ)
...............................
     လီကွမ်ရီက အံ့အားသင့်တုန်လှုပ်နေသော ကူးကျွမ်ကို ပြုံး၍ကြည့်လိုက်သည်။
     "ဟုတ်တယ်၊ မင်းရဲ့ အတွေးက မှန်တယ်၊ ရတနာသိုက်ရဲ့သော့က မင်းရဲ့သွေးလေ"

     "မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး"ကူးကျွမ်၏မျက်နှာက ဖျော့တော့သွားသည်။ အမှန်တရားကို လက်ခံရန် ခက်ခဲနေခဲ့သည်။

     သူသည် ဤရတနာသိုက်ကိုဖွင့်ရန် နှစ်ပေါင်းများစွာ ကြံစည်နေခဲ့သည်။ အမျိုးမျိုး ကြံစည်တွေးတော့ပြီး ဖွင့်နိုင်မည့်နည်းလမ်းကို ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် သော့မရှိဘဲ ဖွင့်ရန်မဖြစ်နိုင်ကြောင်း နားလည်လာခဲ့၏။

     ယခုမူ ရတနာသိုက်၏သော့က သူ၏သွေး ဖြစ်နေပေသည်။ ဤသည်က သူ့ကို ခံရခက်နေစေခဲ့သည်။

     "စမ်းကြည့်လေ ..."လီကွမ်ရီက ပြုံး၍ပြောလိုက်သည်။

     ကူးကျွမ်က အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အရင်ဆုံးထိန်းချုပ်လိုက်၏။ သို့သော် သူ၏စိတ်က ယခင်ကဲ့သို့ မတည်ငြိမ်နိုင်သေးပေ။

     နောက်ဆုံးတွင် သူက အိုဟောင်းနေသော တံခါးအရှေ့သို့ သွားသည်။ ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းပြီး လက်ကိုဆန့်တန်းလိုက်၏။ သူ၏လက်ချောင်းများက တုန်ခါနေသည်။ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သေးသည်မှာ သံသယရှိစရာမလိုချေ။ မည်သို့ပင်ဆိုစေကာမူ သူက လက်ချောင်းကိုဖောက်ပြီး သွေးတစ်စက်ကို သော့အတွင်းသို့ စီးဆင်းစေလိုက်သည်။

     ကျွီ ... သော့ခလောက်အတွင်း သွေးတစ်စက်ဝင်သွားပြီးနောက် နှစ်ပေါင်းများစွာ ဖွင့်မရခဲ့သည့် တံခါးကြီးက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

     ထိုရလဒ်က ကူးကျွမ်ကို ပို၍တုန်လှုပ်သွားစေသည်။ သူ၏မျက်လုံးများက မယုံနိုင်ဟန်ဖြစ်နေပြီး အနောက်သို့လည်း ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်မိသည်။ နောက်ဆုံးတော့ သူလိုချင်သည့်အဖြေကို ရရှိခဲ့ပေပြီ။

     ယခင်က သူသည် လက်နက်တိုက်အတွင်း ဝင်ရောက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးသည်။ နည်းအမျိုးမျိုး ရှာဖွေကြံဆပြီး သော့ဖွင့်နိုင်မည့်နည်းလမ်းကို ရှာဖွေခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ အကြိမ်ကြိမ် ကျရှုံးပြီးနောက်မှာတော့ သော့မရှိဘဲ မဖွင့်နိုင်ဟု ကောက်ချက်ချခဲ့ရသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now