1061 - 1065

217 4 0
                                    

စစ်ဧကရာဇ်(Chapter:1061)
(အိပ်ရေးပျက်တဲ့ည)
..............................
     မယ်ဆုယောင်က လီကွမ်ရီရဲ့ ပခုံးပေါ် မှီပြီး အနားယူနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်မှသာ တဖြည်းဖြည်း ထလိုက်သည်။ ပြီးနောက် လီကွမ်ရီရဲ့ နဖူးကို နှစ်ခြိုက်စွာဖြင့် နမ်းရှိုက်လိုက်သည်။

     "အခု သွားပါ၊ မင်းရဲ့စိတ် ပုံမှန်ဖြစ်လာချိန်မှ ငါ့ကို ပြန်လာတွေ့ပါ"လီကွမ်ရီက နူးညံ့စွာ ပြုံးပြီး ပြောသည်။

     မယ်ဆုယောင်က ဘာမှမပြောပေ။ သူမ မထွက်ခွာမီမှာ လီကွမ်ရီကို ဦးညွှတ်လိုက်သည်။ လီကွမ်ရီက သူမကို ကြည့်ပြီး အလေးအနက် ပြောသည်။
     "မင်းရဲ့ ဘိုးဘေးကို ပြောလိုက်ပါ၊ ငါက ရန်သူတွေကို ဘယ်တော့မှ မသနားတတ်ပေမယ့် ငါ့အပေါ်ကောင်းတဲ့သူတွေကိုလည်း မမေ့တတ်ဘူး ..."

     "ကောင်းပြီ၊ ငါပြောလိုက်ပါ့မယ် ..."မယ်ဆုယောင်က ညင်သာစွာ ခေါင်းညိတ်ပြပြီး ထွက်ခွာသွားခဲ့သည်။

     သူမ ထွက်ခွာပြီး မကြာမီမှာတော့ လီရှောင်းရန်နဲ့ ချန်ပေါင့်ကျန်းတို့ ဝင်လာခဲ့သည်။ တစ်ဆက်ထဲမှာ ချန်ပေါင့်ကျန်းက လီကွမ်ရီကို မယုံသင်္ကာဖြင့် ကြည့်ပြီး မေးသည်။
     "သခင်လေး၊ သူ့ကို အနိုင်လိုက်တာလား ... ကြည်ရတာ သူငိုထားပုံရတယ်"

     "ဟမ် ... မင်းတို့ရဲ့ သခင်လေးက မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တတ်နဲ့ ပုံစံ ပေါက်နေလို့လား ..."လီကွမ်ရီက ပြုံးပြီး ခေါင်းခါရမ်းသည်။
     "သူမရဲ့ အတွေးအမြင်တွေ ပြောင်းလဲဖို့ပဲ ငါကူညီခဲ့တာပါ၊ သူမရဲ့ ကမ္ဘာသစ်တစ်ခုပေါ့ ..."

     "ဘယ်လို ကမ္ဘာမျိုးလဲ"လီရှောင်းရန်က စပ်စုဟန်ဖြင့် မေးသည်။

     "မင်းတို့နှစ်ယောက် မမြင်ရတဲ့ ကမ္ဘာတစ်ခုပါ ..."လီကွမ်ရီက တစ်ချက် ရယ်မောလိုက်သည်။
     "သူမက အင်မော်တယ်အရိုးရဲ့ အစွမ်းကြောင့် အခြားသူတွေ မမြင်နိုင်တဲ့ဟာကို မြင်နိုင်တယ်လေ၊ တကယ်လို့ ငါသာ ကမ္ဘာသစ်တစ်ခုကို မပြခဲ့ရင် သူမရဲ့ ဘဝက အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်၊ အဆုံးမှာ အရာအားလုံးကို စိတ်ကုန်ပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သွားနိုင်တယ်၊ ဒါမှမဟုတ် တစ်ယောက်ထဲ သီးခြားနေထိုင်ပြီး စိတ်ကျသူတစ်ယောက်လို ဖြစ်သွားနိုင်တယ်၊ ဒီလိုဆိုရင် သူ့ရဲ့ ပါရမီတွေက အလဟတ်သ ဖြစ်သွားနိုင်တယ်လေ၊ ဒါကြောင့် ကူညီခဲ့တာပါ ..."

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးHikayelerin yaşadığı yer. Şimdi keşfedin