1401 - 1405

120 6 0
                                    

စစ်ဧကရာဇ်(Chapter:1401)
(ပြိုင်ဘက်ကင်းတိုက်ကွက်)
......................................
     ဤတစ်ကြိမ်၌ တာအိုနေသခင်လည်း အခြားသူတွေနည်းတူ ဆွံ့အတုန်လှုပ်သွားခဲ့ရသည်။ အားလုံးမှာ ငုတ်တုတ်မေ့နေခဲ့ကြသည်။

     "မ ... မဖြစ်နိုင်ဘူး ..."အချိန်အတော်ကြာပြီးနောက် ညှို့ဓာတ်ပြင်းဝိညာဉ်အချို့မှာ သတိပြန်ဝင်လာခဲ့ကြ၏။ အားလုံးမှာ ယခုထိတိုင် အခြေအနေကို လက်မခံနိုင်ကြသေးပေ။

     ယခင်ကလည်း လီကွမ်ရီသည် တုံထင်ရေကန်၌ ပင်လယ်နတ်ဘုရား၏ စိတ်အသိကို ဖျက်ဆီးပြခဲ့သည်။ ထိုမျှသာမက စစ်ကမ်းပါးတိုက်ပွဲတွင်လည်း တော်ဝင်တောင်ကြား၏ ပင်လယ်နတ်ဘုရားစိတ်အသိကို ဖျက်ဆီးပြခဲ့ပြန်သည်။ ထိုဖြစ်ရပ်နှစ်ခုလုံးက ပင်လယ်နတ်ဆိုးမျိုးနွယ်များကို အကြီးအကျယ် စိတ်ပျက်စေခဲ့သည်။

     ယခုတော့ လီကွမ်ရီက ညှို့ဓာတ်ပြင်းဝိညာဥ်တွေကိုလည်း ထပ်တူစိတ်ပျက်စေခဲ့သည်။ ယနေ့ခေတ်တွင် ညှို့ဓာတ်ပြင်းဝိညာဥ်အများစုက မုန့်ကျန်းထျန်းကို ဒဏ္ဍာရီတစ်ခုအဖြစ်ပင် သတ်မှတ်ထားကြသည်။ သူတို့၏စိတ်ထဲ၌ မုန့်ကျန်းထျန်းသည် မယုံနိုင်စရာကောင်းသည့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်သည်။

     ယခုမူကား သူတို့၏ ဒဏ္ဍာရီတစ်ဖြစ်လည်း မုန့်ကျန်းထျန်းကို လီကွမ်ရီက အနိုင်ယူပြခဲ့သည်။ ကိုယ်ပွားတစ်ခုဟု အ​ကြောင်းပြချက်ပေးနိုင်သော်လည်း ညှို့ဓာတ်ပြင်းဝိညာဥ်များ၏ စိတ်ကို ရိုက်ချိုးနိုင်ခဲ့တာကတော့ အမှန်ပင်။ လီကွမ်ရီကို အရှုံးပေးခဲ့ရ၍ မုန့်ကျန်းထျန်းကို မယုံနိုင်စရာကောင်းသော ပါရမီရှင်ဟု ​ပြော၍မရတော့ပေ။

     ထို့ကြောင့် ညှို့ဓာတ်ပြင်းဝိညာဥ်များမှာ အောင့်သက်သက်ဖြင့် ခံပြင်းနေမိကြတော့သည်။ အချို့ဆိုလျှင် ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်နေခဲ့ကြသည်။

     ပင်လယ်နတ်ဆိုးမျိုးနွယ်အချို့မှာ ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ်၏ အဖြစ်ကိုကြည့်ပြီး ကိုယ်ချင်းစာနေမိကြသည်။ တစ်ဆက်ထဲမှာ လီကွမ်ရီကြောင့် မျက်နှာပျက်ခဲ့ရသည့် အတိတ်ဖြစ်ရပ်ဆိုးများကို ပြန်မြင်ယောင်ပြီး ဒေါသထွက်လာခဲ့ကြရသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now