စစ်ဧကရာဇ်(Chapter:1631)
(တင်းယွမ်ဟို)
....................
လုံအောင်းထျန်းက 'ပင်လယ်ငှက် တစ်ဆယ့်ရှစ်ဖော်'ဝင်္ကပါအတွင်း ဝင်ရောက်လာသည်။ သူသည် စိုးစဥ်းမျှ စိုးရိမ်ဟန်မရှိချေ။ ဥယျာဥ်အတွင်း လမ်းလျှောက်နေသကဲ့သို့ သက်တောင့်သက်သာ ရှိနေပေသည်။ဝုန်း ... လုံအောင်းထျန်း၏ ခြေလှမ်းတစ်လှမ်းတိုင်းတွင် ဝင်္ကပါတိုက်ကွက်က ပြင်းပြင်းထန်ထန် တုံ့ပြန်နေသည်။ ကြယ်တာယာများ ကြွေကျကာ အလင်းတန်းများက လုံအောင်းထျန်းထံ ဦးတည်ပြီး ကျဆင်းသွားခဲ့ကြ၏။ သို့သော် လုံအောင်းထျန်းက စိုးရိမ်ခြင်းမရှိပေ။ သူ့ထံကျဆင်းလာသည့် အလင်းတန်းများကို သတိမမူမိသည့်အလား ပြုမူနေခဲ့၏။
အားလုံးမှာ လုံအောင်းထျန်း၏ အပြုအမူကြောင့် အသက်ရှူကျပ်မတတ် ဖြစ်သွားကြရသည်။ ထိုအလင်းတန်းများသာ သူတို့အပေါ် ကျဆင်းလာပါက ချက်ချင်း ပြာအတိဖြစ်သွားနိုင်ပေသည်။
ဝှစ် ... လုံအောင်းထျန်းက ခန္ဓာကိုယ်ကို အနည်းငယ်ယိမ်းပြီး ရှောင်တိမ်းလိုက်သည်။ သို့ဖြစ်ရာ အလင်းတန်းများမှာ ပစ်မှတ်လွဲသွားပြီး မြေကြီးအတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ဆွံ့အမှင်တက်နေမိကြ၏။ သူတို့သည် လုံအောင်းထျန်းက မည်သည့်နည်းဖြင့် ရှောင်တိမ်းသွားသည်ကိုပင် မရိပ်မိခဲ့ကြချေ။ သူတို့၏အမြင်၌ လုံအောင်းထျန်းသည် တစ်ချိန်လုံး ငြိမ်သက်စွာသာ ရှိနေသည်။
ထို့နောက် မတူညီသည့် အလင်းတန်းတစ်ခု ထပ်မံကျဆင်းလာကာ လုံအောင်းထျန်း၏ ရင်ဘတ်တည့်တည့်သို့ ဦးတည်သွားသည်။ သို့သော် ဤတစ်ကြိမ်၌လည်း လုံအောင်းထျန်းက အလွယ်တကူ ရှောင်တိမ်းလိုက်ပြန်သည်။
ဝှစ် ... နောက်ဆုံးတွင် ဝင်္ကပါတိုက်ကွက်မှ ထွက်ပေါ်လာသည့် အလင်းတန်းများက ကောင်းကင်ထက်၌ ပိုက်ကွန်သဖွယ် ဖြန့်ကျက်လာကြသည်။ ထို့နောက် မြှားမိုးများကဲ့သို့ တစ်ဟုန်ထိုးကျဆင်းလာခဲ့ကြ။ ထိုတိုက်ကွက်၏အောက်၌ မည်သူမဆို ခန္ဓာကိုယ်တစ်ခုလုံး ဇကာပေါက်ဖြစ်သွားပေလိမ့်မည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...