စစ်ဧကရာဇ်(Chapter:1126)
(ထာဝရ နှုတ်ဆက်ခြင်း)
.....................................
"အဖြေတစ်ခုကို ရှာချင်တာလား"လီကွမ်ရီက ခါးသီးစွာ ပြုံးလိုက်သည်။
"အဲ့ဒီအဖြေကို ရဖို့အတွက် ဗုဒ္ဓဘာသာထဲ ဝင်ခဲ့တာလား၊ ဒါက တကယ့်ကို ငါသိထားတဲ့ ချမ်ဆုယွင် မဟုတ်ဘူး"ချမ်ဆုယွင်က လီကွမ်ရီကို ကြည့်လိုက်သည်။ သူမရဲ့ မျက်လုံးလေးတွေက ကလေးငယ်တစ်ယောက် ဖြူစင်ပြီး အပြစ်ကင်းတဲ့အသွင် ရှိနေခဲ့သည်။
"နင် ဘာတွေ စဉ်းစားနေတယ်ဆိုတာကို ငါသိတယ်"ချမ်ဆုယွင်က လီကွမ်ရီကို ကြည့်ပြီး ဆက်ပြောသည်။
"နင့်ကို ဘယ်တုန်းကမှ သံသယ မဝင်ခဲ့ဖူးပါဘူး၊ အခုထိလည်း နင့်ရဲ့ဆုံးဖြတ်ချက်နဲ့ စွမ်းရည်ကို ငါယုံကြည်တယ်၊ စကားကုန် ပြောရရင် နင်နဲ့ပတ်သက်သမျှ အရာအားလုံးကို ငါယုံကြည်တာပါ""ဒါပေမယ့် နင်က အချိန်အကြာကြီး ပျောက်နေခဲ့ပြီး ငါ့ဆီကို ရောက်မလာခဲ့ဘူးလေ ..."ချမ်ဆုယွင်ရဲ့ အသံက သိမ်ဝင်သွားခဲ့သည်။
"ဗုဒ္ဓကုန်းမြင့်မှာ အချိန်အကြာကြီး ငါစောင့်နေခဲ့တယ်၊ နင်ဘာကြောင့် မရောက်လာခဲ့သလဲဆိုတာကို ငါမသိဘူးလေ၊ အဲ့ဒီအချိန်ကသာ နင်ရောက်လာခဲ့ရင် ငါ့ကို အလွယ်တကူ ခေါ်သွားလို့ ရမှာ အသေအချာပါပဲ"သူမရဲ့ မျက်လုံးတွေက အတော်လေး ကြောက်စရာကောင်းသည်အထိ တောက်ပလာခဲ့သည်။ မည်သူမဆို ဒီမျက်ဝန်းတွေကို ကြည့်ပြ ကျက်သီးထမိကြမည်မှာ မလွဲပေ။ သူမရဲ့ အကြည့်တစ်ချက်က အရာအားလုံးကို စက္ကန့်ပိုင်းအတွင်း ထိုးဖောက်နိုင်စွမ်း ရှိသည်။
"ဘယ်အချိန်မှာပဲဖြစ်ဖြစ် ငါနင့်ကို ယုံကြည်တယ် ..."ချမ်ဆုယွင်က သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောသည်။
"အရင်တုန်းက အင်အားကြီးစစ်တပ်တစ်ခုရဲ့ အလယ်မှာတောင် နင်က ငါ့ကို ကယ်တင်ပေးခဲ့တယ်လေ၊ ဧကရာဇ်တွေတောင် နင့်ကို ဘာမှ မလုပ်နိုင်ပါဘူး၊ ဒါကြောင့် ငါ့နင့်ကို ယုံကြည်တာပေါ့""ပြီးတော့ ဗုဒ္ဓဘာသာအဖြစ် ခံယူချင်တဲ့ ဆုံးဖြတ်ချက်က ဗုဒ္ဓကုန်းမြင့်နဲ့ ဘာမှ မပတ်သက်ပါဘူး၊ သူတို့ဆီမှာ ငါ့ကို ဗုဒ္ဓဘာသာဖြစ်အောင် ဖိအားပေးနိုင်စွမ်းလည်း မရှိဘူး၊ ငါ့ရဲ့ စိတ်ကို ဘယ်သူကမှ မပြောင်းလဲနိုင်ဘူးလေ"ချမ်ဆုယွင်က လီကွမ်ရီကို တစ်ချက် ကြည့်လိုက်ပြီးမှ အလေးအနက် ဆက်ပြောသည်။
"ငါ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ဗုဒ္ဓဘာသာအဖြစ် ခံယူလိုက်တာ၊ ဘယ်သူ့ ပရောဂမှ မပါဘူး၊ ငါ့ရဲ့ ယုံကြည်ချက် အစစ်ကြောင့်ပဲ"
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...