1206 - 1210

108 2 0
                                    

စစ်ဧကရာဇ်(Chapter:1206)
(နတ်ရေတွင်း)
......................
     ပင်လယ်ကူး သင်္ဘောက ပင်လယ်အတွင်း တရွေ့ရွေ့ ခရီးနှင်နေခဲ့သည်။ လက်ရှိအချိန်တွင် သင်္ဘောက ကတုတ်ကျင်းဘက်သို့ ပြန်လည် ‌ဆုတ်ခွာလာခဲ့ပြီ ဖြစ်သည်။ သို့သော် သူ့ရဲ့ နှေးကွေးသည့် အလျင်ကြောင့် ကတုတ်ကျင်းအတွင်း ပြန်ဝင်ဖို့မှာ ရက်ပေါင်းများစွာ ကြာဦးမည် ဖြစ်သည်။

     လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အင်အားကြီးဂိုဏ်းတွေ အများအပြား လှုပ်ရှားမှု ရှိခဲ့သည်။ သူတို့က အစွမ်းထက်တဲ့ ကျင့်ကြံသူ များစွာကို ညို့ဓာတ်ပြင်း အပျက်အစီးဘုံသို့ စေလွတ်ခဲ့သည်။ ထိုသူတွေအားလုံးက သူတို့ရဲ့ မူလပုံစံကို မပြဘဲ ရုပ်ဖျက်ပြီး ဝင်ရောက်လာခဲ့ကြသည်။ အများစုမှာ ညို့ဓာတ်ပြင်း ဝိညာဉ်မျိုးနွယ်တွေ ဖြစ်ကြပြီး လေဟာနယ်ပြစ်ဒဏ် ကျောင်းတော်သုံးခုလည်း ပါဝင်သည်။ သူတို့က ရတနာတွေအတွက် ရောက်လာခြင်း မဟုတ်ပေ။ ညို့ဓာတ်ပြင်း အပျက်အစီးဘုံ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်ချင်ကြ၍ ဖြစ်သည်။ ဒါကြောင့် သူတို့ရဲ့ မူလအသွင်အပြင်ကို မပြဘဲ ရုပ်ဖျက်ပြီး ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

     သို့သော် ပင်လယ်ငါးကလန်၏ အိမ်ရှေ့စံလို ‌ထင်ထင်ပေါ်ပေါ် ဝင်ရောက်လာသူတွေလည်း ရှိသည်။ ပင်လယ်ငါးကလန်၏ အိမ်ရှေ့စံက ရောက်လာလာချင်းမှာပင် မောက်မောက်မာမာဖြင့် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
     "လီကွမ်ရီဆိုတဲ့ လူသားမျိုးနွယ်၊ ပုန်းနေတဲ့ နေရာကနေ အခုထွက်လာခဲ့ပါ၊ ပင်လယ်ငါးကလန်ကို ဆန်ကျင်ခဲ့တဲ့အတွက် မင်းကို အရှင်လတ်လတ် ဝါးစားပစ်မယ်"

     အိမ်ရှေ့စံ၏ ကြေညာချက်က အတော်များများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ အရှင်လတ်လတ် ဝါးစားပစ်မည်ဟူသည့် ကြုံးဝါးသံက အားလုံးကို ကြက်သီးထစေခဲ့သည်။

     ပင်လယ်ငါးကလန်၏ အိမ်ရှေ့စံက စစ်တပ်ခြံရံပြီး ရောက်လာခဲ့ခြင်း မဟုတ်ပေ။ သူ့အနောက်၌ အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ဆယ်ဦးခန့်သာ ပါလာခဲ့သည်။ ထိုသူတွေအားလုံးက ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေကို ထုတ်လွတ်နေကြသည်။ ဒါ့အပြင် သူတို့အားလုံးက လူသားပုံစံကို ပြောင်းလဲနိုင်ကြသူတွေ ဖြစ်သည်။ ထိုသူတွေထက် ပို၍ ကြောက်စရာကောင်းသူမှာ ပြင်းထန်တဲ့ သွေးသားစွမ်းအင်ကို ထုတ်ဖော်ထားသည့် အိမ်ရှေ့စံမင်းသား ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora