စစ်ဧကရာဇ်(Chapter:1526)
(ကောင်းကင်ဖြိုခွင်းခြင်းတိုက်ပွဲအဆင့်)
.....................................................
နောက်ဆုံးတွင် လီကွမ်ရီက ဘိုးဘေးမြေ၏ ပိုင်နက်နယ်မြေအတွင်းသို့ စတင်ခြေလှမ်းသည်။ အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ပြီး နှလုံးခုန်သံများ မြန်ဆန်လာခဲ့ရတော့၏။ဤအချိန်၌ အားလုံးက လီကွမ်ရီအတွက် စိတ်မပူကြတော့ပေ။ လက်ရှိအခြေအနေအရ ဘိုးဘေးမြေအတွက်သာ စိုးရိမ်ရပေမည်။ ဘိုးဘေးမြေသည် ဝိညာဥ်ကမ္ဘာ၏ အားအကောင်းဆုံး ခံစစ်ကျောက်ဆောင်ဖြစ်သော်လည်း လီကွမ်ရီ၏ခြေလှမ်းများကိုကြည့်ပြီး အမှန်တကယ် ကျော်ဖြတ်နိုင်သည်ဟု လူတိုင်း ခံစားနေကြရသည်။ သို့သော် မည်သည့်အကြောင်းကြောင့် ဤမျှအထိ ယုံကြည်မိနေသည်ကိုတော့ သူတို့ကိုယ်တိုင်လည်း မသိကြပေ။
ဝုန်း ... ခံစစ်အရံအတားတစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ မျက်စိတစ်မှိတ်အချိန်အတွင်း စူးရှတောက်ပသည့် အလင်းတန်းများက ကမ္ဘာကို လင်းထိန်စေခဲ့သည်။ ကမ္ဘာ့နိယာမများက ရေတံခွန်အလား သွန်းလောင်းကြသည်။ ထို့ပြင် ဘိုးဘေးသစ်ပင်သုံးပင်၏ အကိုင်းအခက်များကလည်း ယိမ်းထိုးလှုပ်ရှားကာ ပိုင်နက်နယ်မြေကို စတင်ကာကွယ်ကြသည်။
"ဒီလိုအသေးအဖွဲ့လေးက အထွတ်အထိပ်ကို မရောက်နိုင်ပါဘူး"လီကွမ်ရီက ရယ်လိုက်သည်။ ထို့နောက် ကံစွမ်းအားနန်းတော် တစ်ဆယ့်သုံးခုမှ ရွှေရောင်အလင်းတန်းများ ထုတ်လွတ်လာပြီး ကမ္ဘာကြီးကို လင်းထိန်စေခဲ့သည်။
စက္ကန့်ပိုင်းအတွင်း သူ၏ခန္ဓာကိုယ်က တောက်ပလာသည်။ လေဟာနယ်ခန္ဓာကိုယ်နှင့် ငရဲထိန်းချုပ်ခြင်းအင်မော်တယ်ခန္ဓာကိုယ်တို့ ထွက်ပေါ်လာသည်။ ထို့နောက် ကျင့်စဥ်နည်းစနစ်များကို အသုံးမပြုဘဲ အင်မော်တယ်ခန္ဓာကိုယ်နှစ်ခုဖြင့်သာ ရန်သူတွေကို တိုက်ရိုက်နှိမ်နင်းလိုက်သည်။
ချက်ချင်းပင် ဘိုးဘေးမြေအဖွဲ့၏ ခံစစ်ဆိုင်ရာ နိယာမများအားလုံး ဖျက်ဆီးခံလိုက်ရသည်။
ဝုန်း ... ဝုန်း ... ဝုန်း ... ပတ်ဝန်းကျင်တစ်ခုလုံး အပိုင်းပိုင်းအစစ ကွဲကြေသွားခဲ့၏။ တောင်ကုန်းတောင်တန်းများ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး မြေပြင်တစ်ခုလုံးလည်း ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့သည်။ ထို့ပြင် အဆောက်အဦနှင့် ဗိမာန်အများအပြားလည်း ဖျက်ဆီးခံခဲ့ရ၏။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...