စစ်ဧကရာဇ်(Chapter:996)
(သွေးကျိန်စာ)
....................
လီကွမ်ရီ၏စကားတွေက မထီမဲ့မြင်ပြုလွန်းလှသည်။ သူသည် လူငယ်မျိုးဆက်တစ်ယောက် ဖြစ်သည်။ သို့သော် အခြားသူတွေအပေါ် လေးစားရကောင်းမှန်း သိပုံမရပေ။ထိုအခါမှာတော့ မုန်တိုင်းနတ်ဘုရား၏မျက်နှာက တဖြည်းဖြည်း အရုပ်ဆိုးအကျဥ်းတန်လာခဲ့တော့၏။ သူမ၏တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ခါနေခဲ့သည်။ ပြီးနောက် လီကွမ်ရီကို အေးစက်စွာစိုက်ကြည့်သည်။
အဝေးမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူတွေမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။ နှစ်ပေါင်းသန်းချီအတွင်း ဤသို့သော စကားမျိုးကို မုန်တိုင်းနတ်ဘုရားအား ပြောဝံ့သူမရှိပေ။ ယခုမူ လီကွမ်ရီက အားလုံး၏အရှေ့၌ လူသိရှင်ကြား လှောင်ပြောင်နေခဲ့သည်။
"နားထောင်လို့ ကောင်းလိုက်တာ ..."ဘိုးဘေးအချို့မှာ တိတ်တဆိတ် ကျေနပ်နေမိကြသည်။ စိတ်ထဲမှလည်း လီကွမ်ရီကို ဂုဏ်ပြုနေမိကြ၏။ သူတို့သည် ထိုစကားတွေကို ယခင်ကတည်းနှင့် မုန်တိုင်းနတ်ဘုရားအား ပြောချင်ခဲ့ကြသည်။ မုန်တိုင်းနတ်ဘုရား၏ နောက်ခံအင်အားကို ကြောက်၍သာ မပြောရဲခဲ့ကြခြင်း ဖြစ်သည်။
ယခုတော့ လီကွမ်ရီ၏ အထိန်းအကွပ်မရှိ လှောင်ပြောင်မှုက သူတို့ကို အမှန်တကယ် အားရကျေနပ်စေသည်။ ယင်းမှာ တကယ်ကို ပျော်ဖို့ကောင်းသည်။
"နိမ့်ကျတဲ့ တိရစ္ဆာန်ကောင်"မုန်တိုင်းနတ်ဘုရားက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဒေါသကြောင့် သူမ၏ လက်ချောင်းများပင် တဆတ်ဆတ် တုန်ခါနေခဲ့သည်။
"တိရစ္ဆာန်ကောင်၊ မင်းကို အသက်ရှင်ခွင့်ပေးဖို့ စဉ်းစားထားပေမယ့် ငါစိတ်ပြောင်းလိုက်ပြီ"မုန်တိုင်းနတ်ဘုရားက ဒေါသတကြီး ဆက်ပြောသည်။
"ဒီနေ့ မင်းရဲ့အရေခွံကိုဆုတ်ပြီး တစ်စစီ ချေမွပစ်မယ်၊ မင်းရဲ့အသွေးနဲ့အသားကို ငါမြည်းစမ်းကြည့်မယ်""ကောင်းပြီ၊ ကြုံးဝါးနေတာကို ရပ်လိုက်တော့ ..."လီကွမ်ရီက လက်ကာပြပြီး ဆက်ပြောသည်။
"ရီချွမ်တို့ကို အခုချက်ချင်းလွတ်ပြီး ငါ့ကို တောင်းပန်မယ်ဆိုရင် အသက်ရှင်ခွင့်ရမယ်၊ အဲ့ဒီလိုမှ မဟုတ်ရင်တော့ မင်းရဲ့အဖေကိုယ်တိုင် ကာကွယ်ပေးရင်တောင် မင်းကိုသတ်မယ် ..."
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...