စစ်ဧကရာဇ်(Chapter:1361)
(နတ်သမီး၏ဒေါသ)
...........................
တာအိုနေသခင်တို့အဖွဲ့က အရိုးသင်္ဘောပေါ် အနားယူပြီး လီကွမ်ရီကို စောင့်ဆိုင်းနေကြသည်။ အချိန်များစွာ ကုန်ဆုံးသွားခဲ့သည်။ လီကွမ်ရီက ပြန်မရောက်လာသေးပေ။ သို့သော် အားလုံးက အတွေ့အကြုံရှိသူတွေဖြစ်၍ စိတ်ရှည်ရှည်ဖြင့် ဆက်စောင့်နေခဲ့ကြ၏။သို့သော် အချိန်သာလင့်သွားခဲ့သည်။ လီကွမ်ရီ၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးပေ။ ထို့ကြောင့် ရှုံးချမ်ပေမှာ စိုးရိမ်စိတ်တွေ စတင်ဝင်ရောက်လာခဲ့တော့၏။ သူက ပတ်ပတ်လည်ကို ကြည့်ပြီး စိုးရိမ်တကြီးပြောသည်။
"သခင်လေးလီ အဆင်ပြေပါ့မလား ... အန္တရာယ်နဲ့ ရင်ဆိုင်နေရတာများ ဖြစ်နေမလား ...""စိတ်မပူပါနဲ့ ..."ကျိုးကျန့်ရှစ်က ခေါင်းခါပြသည်။
"သူ့ကိုယ်သူ ယုံကြည်မှုရှိလို့ လိုက်သွားတာပါ ... အန္တရာယ်ကြုံနေရရင်တောင် သူလွတ်လာမှာ သေချာပါတယ် ..."ကျိုးကျန့်ရှစ်သာမက လျှိုရူယန်လည်း လီကွမ်ရီအပေါ်ယုံကြည်မှုအပြည့် ရှိသည်။ နှစ်ယောက်လုံးက လီကွမ်ရီပြန်လာမည်ဟု အပြည့်အဝ ယုံကြည်ထားကြသည်။
"ဟုတ်တယ်၊ အစ်ကိုလီက ငါတို့ထင်ထားတာထက် အများကြီး အားကောင်းပါတယ် ..."တာအိုနေသခင်ကလည်း ဝင်ပြောသည်။
"ငါ့အထင် အစ်ကိုလီက အရိုးပင်လယ်ကို အရေးမစိုက်လောက်ဘူး ... အရိုးပင်လယ်က သူ့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး ..."ရှုံးချမ်ပေမှာ ထိုအခါမှ စိတ်သက်သာရာ ရသွားခဲ့သည်။ သူက သက်ပြင်းတစ်ချက်ချပြီး လီကွမ်ရီကို ဆက်စောင့်နေခဲ့သည်။
ထိုအချိန်မှာပင် သင်္ဘောတစ်စင်းလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့၏။ ကမ္ဘာတစ်ခုလုံး ပေါက်ကွဲတော့မည့်အလား ထင်မှတ်ရသည်။
"ဘာတွေဖြစ်နေတာလဲ ..."လျှိုရူယန်တို့တစ်ဖွဲ့လုံး တုန်လှုပ်သွားခဲ့ကြသည်။ အစပိုင်းတွင် သူတို့၏စိတ်ထဲ ဝိညာဥ်အရိုးစုတစ်ကောင်က သင်္ဘောကို လာရောက်တိုက်ခိုက်နေသည်ဟု ထင်ခဲ့ကြသည်။ သို့သော် အသေအချာ စစ်ဆေးပြီးနောက် ပြဿနာက သင်္ဘောအပြင်ဘက်တွင် မဟုတ်ဘဲ အတွင်းထဲမှဖြစ်ကြောင်း သတိပြုမိခဲ့ကြ၏။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...