1576 - 1580

77 5 0
                                    

စစ်ဧကရာဇ်(Chapter:1576)
(ယုကျန့်)
.............
     လီကွမ်ရီက အလင်းဥဒေါင်းဘုရင်ကို ပြုံး၍ကြည့်လိုက်သည်။ ပြီးမှ ...
     "အဲ့ဒီကျွန်းမှာ မသေမျိုးတွေရှိတယ်၊ ငါက မတော်တဆရောက်သွားပြီး သလင်းကျောက်နဲ့လုပ်ထားတဲ့ မီးခွက်ငယ်လေးကို ရခဲ့တယ်လေ"

      "အမ် ... နှောက်နေတာလား၊ ဒီကမ္ဘာမှာ မသေမျိုးတွေ ဘယ်လိုရှိနိုင်မှာလဲ"အလင်းဥဒေါင်းဘုရင်က ယုံကြည်ခြင်းမရှိပေ။ သူမ၏ယုံကြည်ထားချက်အရ ဤကမ္ဘာကိုးခုတွင် မသေမျိုးများ မရှိချေ။

     လီကွမ်ရီက သဘောကျဟန်ဖြင့် ရယ်လိုက်သည်။ ပြီးမှ ထပ်မံပြုံးပြပြီး ...
     "ဘယ်အရာကိုမှ တပ်အပ်သေချာ ပြောလို့မရဘူးလေ၊ မသေမျိုးတွေရှိနေပြီး သာမန်လူတွေမမြင်နိုင်တာလည်း ဖြစ်နိုင်တာပဲမဟုတ်လား၊ ပြန်စဥ်းစားကြည့်လေ၊ အဲ့ဒီကျွန်းပေါ်ကို မင်းလည်းတက်ဖို့ ကြိုးစားခဲ့တာပဲ၊ ဒါပေမယ့် တွန်းထုတ်ခံလိုက်ရတယ်လေ၊ မသေမျိုးတွေမဟုတ်ရင် ဘယ်သူက မင်းကိုတွန်းထုတ်နိုင်မှာမလို့လဲ"

     အလင်းဥဒေါင်းဘုရင်မှာ ခါးသီးစွာ ပြုံးလိုက်မိသည်။ တစ်ချိန်တည်းမှာ သူမကို လီကွမ်ရီက မပြောပြချင်ကြောင်း နားလည်ခဲ့သည်။ လီကွမ်ရီပြောသလိုပင် ဤကမ္ဘာပေါ်၌ သူမကို ဖိအားပေးနိုင်သည့်အရာ သိပ်မရှိပေ။ သို့သော် အစောပိုင်းက တွေ့ခဲ့ရသည့် လျှို့ဝှက်ကျွန်းက သူမကို ပုရွက်ဆိတ်တစ်ကောင်အလား ဖြစ်သွားစေပေသည်။

     "အခု ဘယ်ကိုသွားမှာလဲ သခင်လေးလီ၊ ပုလဲမြို့မှာပဲ တည်းခိုမှာလား"အလင်းဥဒေါင်းဘုရင်က စကားလမ်းကြောင်းပြောင်းလိုက်ပြီး မေးသည်။

     "အင်း၊ လောလောဆယ် ဒီမှာ ခဏနေဦးမယ်၊ နောက်မှ ကောင်းကင်စောင့်မြို့တော်ကိုသွားပြီး ကူးကျွမ်နဲ့တွေ့ရမယ်"

     ထိုသို့ပြောပြီးနောက် သူ၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်လာသည်။ နှစ်ပေါင်းများစွာ အချိန်ယူစီစဥ်ပြီးနောက် ကူးကျွမ်ဘာလုပ်နိုင်သည်ကို သူကြည့်ချင်သည်။

     ထို့နောက် နှစ်ယောက်သား ပြန်လာခဲ့ကြ၏။ လမ်းခုလတ်တစ်နေရာ၌ လှိုင်းလုံးများအကြား အရှိန်အဟုန်ဖြင့် ခုတ်မောင်းလာသည့် ဧရာမ သင်္ဘောကြီးတစ်စင်းနှင့် ဆုံမိကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now