1066 - 1070

178 4 0
                                    

စစ်ဧကရာဇ်(Chapter:1066)
(ကောင်းကင်က မာရ်နတ်ကို လွတ်လိုက်ပြီ)
................................................................
     "မှန်တယ်၊ မာရ်နတ်ဘုရင်က ကမ္ဘာကို တုန်လှုပ်စေနိုင်တယ် ..."လီကွမ်ရီက ချန်ပေါင့်ကျန်းကို ခေါင်းခါပြသည်။ သူ့ပုံစံက လွန်စွာ ရိုးရှင်းပေမယ့်လည်း နတ်ဆိုးများစွာကို ဒူးထောက်ခစားစေနိုင်စွမ်း ရှိနေခဲ့သည်။ သူက ဖြည်းဖြည်းချင်း ဆက်ပြောသည်။
     "ငါနဲ့ မာရ်နတ်ဘုရင်က တစ်ဦးစီပါ၊ အခုက သူ့ရဲ့ ဂုဏ်ပုဒ်ကိုပဲ ခေတ္တငှားရမ်းလိုက်တာလေ"

     "မိုးကောင်းကင်ကနေ လွတ်မြောက်လာတဲ့ မာရ်နတ်လား ..."လီရှောင်းရန်က လီကွမ်ရီကို ကြည့်ပြီး ညည်းညူလိုက်သည်။

     "ဟုတ်တယ်၊ မာရ်နတ်ဘုရင် လွတ်မြောက်လာပြီ၊ အဲ့တော့ ဘာဖြစ်မလဲ ..."လီကွမ်ရီက ကြက်သီးထဖွယ် ရယ်မောလိုက်ပြီးမှ ဆက်ပြောသည်။
     "ကြီးကျယ်တဲ့ မိုးကောင်းကင်က အခုကစပြီး ငိုကြွေးရတော့မယ် ..."

     လက်ရှိအချိန်တွင် မိစ္ဆာဆန်တဲ့ အမှောင်စွမ်းအင်တွေက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားခဲ့သည်။ မည်သူမဆို သူ့ကို တွေ့ပြီးတာနဲ့ ဆိုးဆိုးရွားရွား တုန်လှုပ်ကြမည် ဖြစ်သည်။

     "မာရ်နတ်ဘုရင် ဖြစ်လာဖို့ဆိုတာ မလွယ်ဘူး ..."မယ်ဆုယောင်က တွေးတွေးဆဆနဲ့ ဆက်ပြောသည်။
     "တကယ်လို့ စိတ်နှလုံးထဲမှာ လုံလောက်တဲ့ မိစ္ဆာစွမ်းအင်တွေ မရှိနေရင် ဖြစ်လာမှာ မဟုတ်ဘူး၊ အဲ့ဒီလိုဆိုရင် လောကကို ဘယ်လိုလုပ်ပြီး အုပ်ချုပ်နိုင်မှာလဲ ..."

     သူမသည် ဗဟုသုတ ကြွယ်ဝသူတစ်ဦး ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ မိစ္ဆာလမ်းစဉ်ကို မလိုက်စားပါက မာရ်နတ်ဖြစ်နိုင်မည် မဟုတ်ပေ။ ငယ်ကတည်းက မိစ္ဆာစွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံခဲ့မှသာ မာရ်နတ်ဘုရင်ဖြစ်ဖို့ အခွင့်အရေး ရနိုင်မည် ဖြစ်သည်။ သို့သော် လီကွမ်ရီက လုပ်နိုင်ခဲ့သည်။ ဒါက အဘယ်ကြောင့်နည်း။ မယ်ဆုယောင်မှာ လီကွမ်ရီကို ကြည့်ရင်း စိတ်ရှုပ်ထွေးနေမိတော့သည်။

     "ဒီနေရာက အတွေးတစ်ခုနဲ့ မာရ်နတ်ဖြစ်စေနိုင်တဲ့ မိစ္ဆာနယ်မြေပါ ..."လီကွမ်ရီက မယ်ဆုယောင် စိတ်ရှုပ်ထွေးနေတာကို ကြည့်ပြီး ရယ်လိုက်သည်။ သူ့ရဲ့ ရယ်သံကပင် ကြက်သီးထချင်စရာ ကောင်းလှသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now