1316 - 1320

100 4 0
                                    

စစ်ဧကရာဇ်(Chapter:1316)
(အဖိုးအခအတွက် ညှိနှိုင်းခြင်း)
...............................................
     လျှိုရူယန်၏ အကြံကို သဘောကျသော်လည်း အကြီးအကဲမှာ ဆုံးဖြတ်ချက်မချနိုင်ဘဲ ဖြစ်နေခဲ့ရသည်။ လီကွမ်ရီနှင့် မိန်းကလေးနှစ်ယောက်ကို တစ်လှည့်စီ ကြည့်ရင်း ငြိမ်သက်စွာ စဥ်းစားနေမိ၏။ အချိန်အနည်ငယ် ကြာပြီးနောက် လျှိုရူယန်ကို ခေါင်းညိတ်ပြလိုက်သည်။
     "ကျောင်းတော်သခင်မလျှိုရဲ့ အကြံက မဆိုးပါဘူး၊ ဒါပေမယ့် ငါဆုံးဖြတ်နိုင်တဲ့ အကန့်အသတ်ထက် ကျော်နေတယ်လေ ... ဒီအကြံကို ဘိုးဘေးတွေဆီ တင်ပြပေးလိုက်ပါ့မယ် ..."

     မညှာတမ်း ဝန်ခံရလျှင် လျှိုရူယန်၏ အကြံအတိုင်း အကောင်အထည်ဖော်ချင်မိသည်။ သိုင်းနတ်သမီးနှင့် လီကွမ်ရီတို့ လက်ထပ်ခြင်းသည် ပြီးပြည့်စုံသည့် ဇနီးမောင်နှံနှစ်ယောက် ဖြစ်လာမည်မှာ မလွဲပေ။ ထို့ပြင် လီကွမ်ရီသည် အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထား၏။ သူ့အမြင်အရ လီကွမ်ရီအတွက် တစ်ခုတည်းသော အတားအဆီးမှာ မုန့်ကျန်းထျန်းဖြစ်သည်။

    သို့သော် သူတော်စင်ဘိုးဘေးသာ လီကွမ်ရီ၏ တာအိုကာကွယ်သူအဖြစ် လုပ်ဆောင်ပေးပါက မုန့်ကျန်းထျန်းနှင့် ယှဥ်ပြိုင်ဖို့ အခက်အခဲ ရှိမည်မဟုတ်ပေ။

    မုန့်ကျန်းထျန်းသည် လက်ရှိမျိုးဆက်၌ အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်သည်။ သို့သော် လူငယ်မျိုးဆက်တွေကိုလည်း လျှော့တွက်ထားလို့တော့ မရပေ။ အချို့သော ပါရမီရှင်လူငယ်တွေသည် အရည်အချင်း မြင့်မားကြသည်။ အကယ်၍ လုံလောက်သည့် အချိန်သာ ရပါက မုန့်ကျန်းထျန်းကို ယှဥ်နိုင်မည့်သူတွေ အများကြီး ထွက်ပေါ်လာဖို့ အခွင့်အရေးရှိသည်။ သို့သော် လုံလောက်သည့် အချိန်ကို ရဖို့ရန်မူ မလွယ်ကူလှပေ။

    ထို့ကြောင့် လူငယ်မျိုးဆက်တွေ အနေနှင့် မုန့်ကျန်းထျန်းကို ရင်ဆိုင်ဖို့ အားကောင်းသည့် တာအိုကာကွယ်သူတွေ ရှာတွေ့နိုင်ဖို့ လိုသည်။ မုန့်ကျန်းထျန်းနှင့် အင်အားတူသူတစ်ယောက်ကို တာအိုကာကွယ်သူအဖြစ် ပိုင်ဆိုင်ထားပါက လက်ရှိမျိုးဆက်၌ အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ အလားအလာရှိလာပေလိမ့်မည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now