1251 - 1255

85 4 0
                                    

စစ်ဧကရာဇ်(Chapter:1251)
(သွေးငါးမန်း)
.....................
     ဟုန်ယွီကျောင်း၏ မျက်နှာက မှုန်ကုပ်ကုပ် ဖြစ်သွားခဲ့သည်။

     ဟုန်ထျန်းကျူးကိုယ်တိုင်လည်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ရ၏။ သူက ဟုန်ယွီကျောင်းကို ကြည့်ပြီး ဆက်ရှင်းပြသည်။
     "ဒီလက်ထပ်ပွဲကို ရှုအိမ်တော် ဘိုးဘေးတွေလည်း သဘောတူကြတယ်၊ ဘာလို့လဲ သိလား ... တုံထင်ရေကန်မှာ သမီးရှိနေရင် ရှုအိမ်တော်မျိုးဆက်တွေအတွက် အခွင့်အလမ်း အရမ်းနည်းတယ်လေ၊ ရှန့်ကွမ်ဖေးလုံနဲ့ လက်ထပ်ပြီး သမီးထွက်သွားခဲ့ရင် ရှုမျိုးရိုးလူငယ်တွေအတွက် အခွင့်အရေး ရလာကြလိမ့်မယ်၊ တုံထင်ရေကန်ရဲ့ အနာဂတ်ခေါင်းဆောင်နေရာကိုလည်း ရည်မှန်းလာနိုင်မှာလေ ..."

     "သမီးသာ ရှိနေရင် တုံထင်ရေကန်ရဲ့ အနာဂတ်ခေါင်းဆောင်ကလည်း ဟုန်အိမ်တော်ပဲ ဖြစ်မှာ သေချာတယ်၊ ဒါကို ရှုအိမ်တော်က မလိုချင်ဘူးလေ၊ အဲ့ဒါကြောင့်ပဲ နှစ်ဖက်ဘိုးဘေးတွေပေါင်းပြီး မြန်မြန်ဆန်ဆန် သဘောတူညီမှု ရခဲ့ကြတာပေါ့"ဟုန်ထျန်းကျူးမှာ စကားဆုံးသည်နှင့် သက်ပြင်းချလိုက်မိသည်။

     "ဘိုးဘေးတွေက အရမ်းလောဘကြီးတယ်၊ အကျိုးအမြတ်တွေ တွက်နေရအောင် သမီးက အရာဝတ္ထု မဟုတ်ဘူးလေ"ဟုန်ယွီကျောင်းသည် အလွန်အမင်း စိတ်ပျက်နေမိတော့၏။

     "အကျိုးအမြတ်တွေ၊ အခွင့်အာဏာတွေကိုပဲ မက်မောနေကြတယ်၊ တုံထင်ရေကန် မစည်းလုံးတော့တာ အရမ်းကြာနေပြီ၊ သခင်လေးလီ ပြောတာတွေက မမှားပါဘူး"ဟုန်ထျန်းကျူးတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းနေမိသည်။
     "ငါတို့အားလုံးက တုံထင်ရေကန် တိုးတက်အောင် မကြိုးစားဘဲ ကိုယ့်အကျိုးစီးပွားအတွက်ပဲ လုပ်နေခဲ့ကြတာ ..."

     "ဒီစိတ်ပျက်စရာ အခြေအနေတွေကို ပြောင်းလဲပစ်ရမယ်၊ မဟုတ်ရင် တဖြည်းဖြည်းနဲ့ အားနည်းလာပြီး အဆုံးသတ်မှာ ရန်သူတွေကြောင့် ပျက်စီးရလိမ့်မယ်"ဟုန်ထျန်းကျူး၏ မျက်လုံးတွေက အေးစက်တင်းမာလာခဲ့သည်။

     ဟုန်ယွီကျောင်းမှာ စိုးရိမ်တကြီး ဖြစ်သွားခဲ့ရ၏။ သူမ၏ အဖေကို အန္တရာယ်ဖြစ်မည့် အလုပ်မျိုး မလုပ်စေချင်ပေ။ သူမက ...
     "ဖြစ်ပါ့မလား အဖေ၊ ပြုပြင်ပြောင်းလဲဖို့က မလွယ်ဘူးနော်၊ ဘိုးဘေးတွေက သဘောတူကြမှာ မဟုတ်ဘူး၊ သူတို့ရဲ့ အကျိုးအမြတ်တွေကို အဆုံးရှုံးခံမှာ မဟုတ်လောက်ဘူး"

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးNơi câu chuyện tồn tại. Hãy khám phá bây giờ