စစ်ဧကရာဇ်(Chapter:1431)
(တူးဖော်ခြင်း)
....................
နေရာထိုင်ခင်းအားလုံး စီစဥ်ပြီးနောက် လီကွမ်ရီက စစ်မာယွီကျန့်ကိုလည်း ကြိုးကြာတောင်၌ နေထိုင်ပြီး ကျင့်ကြံဖို့ စီစဥ်ပေးခဲ့သည်။ယဲ့ရှောင်ရှောင်းမှာမူ လီကွမ်ရီ၏ ရည်ရွယ်ချက်ကို နားမလည်သေးပေ။
"ဒီမှာ ဘာလုပ်ကြမှာလဲ ...""ဝင်ပေါက်ကို ရှာဖို့လေ ... ဒီနေရာမှာ ဝင်ပေါက်ရှိတယ် ..."လီကွမ်ရီက စပ်စုလွန်းသည့် ကောင်မလေးကို ပြုံးပြလိုက်သည်။
"တကယ်လား ..."ယဲ့ရှောင်ရှောင်းသည် ချက်ချင်း စိတ်ဓာတ်တက်ကြွလာခဲ့ရတော့၏။
"ဝင်ပေါက်က ဘယ်နားမှာလဲ ... အခုသွားကြစို့လေ ..."သူမသည် ဝင်ပေါက်ကိုတွေ့ဖို့ မစောင့်နိုင်တော့ပေ။ နတ်သစ်ပင်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင်ရှိသော သီးခြားကမ္ဘာအတွင်း ဝင်ကြည့်ချင်စိတ်က ကြီးစိုးနေခဲ့သည်။"ဟမ် ... အဲ့လိုသာ အလွယ်တကူ ရှာလို့ရရင် လူတိုင်းဝင်နေကြတော့မှာပေါ့ ..."လီကွမ်ရီက ပြုံးလိုက်ပြီး ဆက်ပြောသည်။
"သီးခြားကမ္ဘာကို ဝင်နိုင်ဖို့က နည်းလမ်းအများကြီး အသုံးပြုဖို့လိုတယ် ... အချိန်ယူပြီး ကြိုးစားဖို့လိုတယ်လေ ... ဒါပေမယ့် အခုက အရင်လိုမဟုတ်တော့ပါဘူး ... နှစ်ရက်လောက် ကြိုးစားလိုက်ရင် သီးခြားကမ္ဘာထဲကို ဝင်နိုင်မှာပါ ..."ကမ္ဘာကိုးခုကို အုပ်စိုးခဲ့သူဖြစ်၍ သူသည် ဤနေရာသို့ ကြိမ်ဖန်များစွာ ရောက်ဖူးသည်။ သီးခြားကမ္ဘာအတွင်း အကြိမ်ပေါင်းများစွာ ဝင်ဖူးသည်။ သို့သော် လွယ်လွယ်နှင့်မရပေ။ အရင်းအနှီးများစွာ ပေးဆပ်ပြီးမှ ဝင်နိုင်ခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း သီးခြားကမ္ဘာသို့ဝင်ရောက်ရန် ပြင်ဆင်မှုအချို့ လုပ်ဆောင်ရန်လိုသေးသည်။
"ကောင်းပြီ၊ ဒီလိုဆိုရင်လည်း စောင့်ရမှာပေါ့ ..."ယဲ့ရှောင်ရှောင်းက စိတ်မသက်မသာဖြင့် ပြန်ပြောလိုက်သည်။
"ဟေ့ ... မင်းရဲ့ပါးစပ်ထဲအထိ ရွှေဇွန်းနဲ့ ခွံ့ကျွေးတော့မှာပါ ... နည်းနည်းတော့ စိတ်ရှည်သင့်တာပေါ့ ..."လီကွမ်ရီက ယဲ့ရှောင်ရှောင်း၏ ပါးအိအိလေးကိုညစ်ပြီး ပြုံးပြလိုက်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...