1336 - 1340

101 3 0
                                    

စစ်ဧကရာဇ်(Chapter:1336)
(ရက်ရက်စက်စက် သတ်ဖြတ်ခြင်း)
.....................................................
     ဝုန်း ... မုန့်ကျန်းထျန်း၏ ဧရာမ ပုံရိပ်ကြီးက အဆမတန် သေးငယ်သွားသည်။ တစ်ဆက်ထဲမှာ 'ခွင့်လွတ်ခြင်း'ဟူသည့် စာလုံးလေးကလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့၏။

    ချောင်ကောကျန့်တစ်ယောက် မျက်နှာပျက်သွားသည်။ သို့သော် စိတ်ပျက်နေဖို့ အချိန်မရှိပေ။ ကျယ်လောင်စွာ အော်ဟစ်ပြီး ရတနာတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုရတနာက သူ၏ သွေးသားစွမ်းအင်ကို အဆများစွာ အားကောင်းလာစေသည်။ သူက သမုဒ္ဒရာအလား များပြားသည့် သွေးသားစွမ်းအင်တွေကို မုန့်ကျန်းထျန်း၏ စိတ်ဆန္ဒဖြင့် ပေါင်းစပ်စေလိုက်သည်။ နောက်ဆုံးတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ပုံရိပ်က တဖြည်းဖြည်း ပြန်လည်ကြီးမားလာခဲ့တော့၏။

    တကယ်တော့ ချောင်ကောကျန့် အသုံးပြုလိုက်သည့် ရတနာသည် မုန့်ကျန်းထျန်းကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုရတနာ၌ အစွမ်းထက်သော နိယာမတွေနှင့် တိုက်ပွဲဝင်လိုစိတ်တွေ ပေါင်းစပ်ထားသည်။

    "မုန့်ကျန်းထျန်းက အရမ်း အစွမ်းထက်တာပါလား ..."ကျင့်ကြံသူ အများအပြားမှာ တိုက်ပွဲရေချိန် ပြောင်းလဲမှုကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေကြရသည်။

    ရုတ်တရက် ကြည့်ပါက လျှိုရူယန်နှင့် ချောင်​ကောကျန့်တို့၏ တိုက်ပွဲဟု ထင်မှတ်ရသော်လည်း အမှန်မှာ မုန့်ကျန်းထျန်းနှင့် မိစ္ဆာထောင်ချောက်ကျောင်းတော်၊ ဘိုးဘေး၏ တိုက်ပွဲသာ ဖြစ်ပေသည်။ မိစ္ဆာထောင်ချောက်ကျောင်းတော်၏ ဘိုးဘေးသည် အသက်ရှင်လျှက် မရှိတော့သော်လည်း ကြွင်းကျန်ရစ်သည့် သူ၏ စိတ်ဆန္ဒက လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှသည်။

    ချောင်​ကောကျန့်အတွက် ကံကောင်းသည်မှာ မုန့်ကျန်းထျန်း၏ စိတ်ဆန္ဒဖြင့် ပေါင်းစပ်ထားသည့် ရတနာတစ်ခု ရှိနေခြင်းပင်။ ထိုရတနာကြောင့်သာ ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။

    "ငါတို့ရဲ့ရတနာလက်နက်တွေကို စမ်းသပ်ချင်နေတာလား ဆရာချောင် ..."ကျိုးကျန့်ရှစ်က ချောင်​ကောကျန့်ကို ကြည့်လိုက်သည်။ စကားအဆုံး၌ သူမ၏လက်ထဲ ဓားတစ်ချောင်း ပေါ်လာခဲ့၏။ မျက်စိတစ်မှိတ် အချိန်အတွင်းမှာပင် အင်မော်တယ်ဧကရာဇ်၏ အရှိန်အဝါတွေ ဖြာထွက်လာပြီး နေရာအနှံ့ လွှမ်းခြုံသွားခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now