1346 - 1350

102 4 0
                                    

စစ်ဧကရာဇ်(Chapter:1346)
(အရိုးတောင်များ)
...........................
     ဗွမ်း ... လှိုင်းပုတ်သံတွေ အဆက္မပြတ် ထွက်ပေါ်လာခဲ့၏။ ထူးဆန်းစွာပင် လှိုင်းပုတ်ခံရသည့် တောင်ကုန်းတွေပေါ်မှ အရိုးအပိုင်းအစအချို့ မျောကျလာခဲ့သည်။

    ထို့ပြင် နေရာအနှံ့ လေပြင်းများ တိုက်ခတ်နေ၏။ အားလုံးမှာ အေးစက်ပြင်းထန်သည့် အထိအတွေ့တွေကို ခံစားနေကြရသည်။ စိတ်ထဲတွင်လည်း မရဏနိုင်ငံသို့ ရောက်ရှိနေသည့်အလား ခံစားနေမိကြသည်။

    ပုံမှန်အားဖြင့် လျှိုရူယန်တို့ ညီအစ်မနှစ်ယောက်သည် အတွေ့အကြုံရှိသူတွေ ဖြစ်သည်။ သို့သော် ယနေ့မှာတော့ သူတို့အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့် စိတ်လှုပ်ရှားနေမိကြသည်။ သူတို့သည် အရိုးပင်လယ်နှင့် ပတ်သက်သည့် မှတ်တမ်းအများအပြားကို ဖတ်ဖူးသည်။ သို့သော် ယခုတွေ့နေရသည့် မြင်ကွင်းတွေက မှတ်တမ်းထဲကနှင့် လားလားမှ မသက်ဆိုင်ပေ။

    နာမည်နှင့်လိုက်အောင်ပင် ပင်လယ်ပြင်အနှံ့ အရိုးတွေဖြင့် ပြည့်နေခဲ့သည်။ အရိုးဖြင့် ဖွဲ့စည်းထားသော ပင်လယ်တစ်ခုဟု ပြောပါက မှားမည်မထင်ချေ။

    အသည်းယားစရာ ကောင်းသည်မှာ အရိုးအပိုင်းအစတွေက ဟိုတစ်ပုံ၊ ဒီတစ်ပုံ စုပြီး တောင်ကုန်းလေးတွေ ဖြစ်နေခြင်းပင်တည်း။ နေရာအနှံ့၌ ထိုးထိုးထောင်ထောင် ရှိနေသည့် အရိုးတောင်ကုန်းတွေကြောင့် ပင်လယ်ပြင်တစ်ခုလုံးကို မမြင်တွေ့ရပေ။ အချို့နေရာတွေဆိုလျှင် တောင်တန်းနှစ်ခု စီတန်းနေပြီး အလယ်၌ လမ်းကြောင်းတစ်ခုသဖွယ် ဖြစ်နေကြသည်။ ထိုနေရာတွေဆိုလျှင် အရိုးသင်္ဘောတွေအတွက် သွားလာဖို့ ခက်ခဲလွန်းလှ၏။ ချွန်ထွက်နေသည့် အရိုးတောင်တွေကြား အရိုးသင်္ဘောအားလုံးမှာ ခက်ခက်ခဲခဲ ရွက်လွင့်နေကြရသည်။

    မည်မျှ သတ္တိရှိသူဖြစ်ပါစေ ဤနေရာသို့ ရောက်လာပါက ဇောချွေးပြန်မတတ် ဖြစ်သွားကြရမည်မှာ မလွဲပေ။ မရေတွက်နိုင်အောင် ပေါများသည့် အရိုးအပိုင်းအစတွေကြား သွားလာရခြင်းက အားလုံး၏ စိတ်ဝိညာဥ်ကို အေးခဲနေစေခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးUnde poveștirile trăiesc. Descoperă acum