1616 - 1620

112 6 0
                                    

စစ်ဧကရာဇ်(Chapter:1616)
(အင်မော်တယ်သလင်းကျောက် မိုင်းတွင်း)
...........................................................
နောက်ဆုံးတွင် ကျစ်ချူးနင်က ကောင်းကင်စောင့်မြို့သို့ ပြန်သွားသည်။ လီကွမ်ရီမှာမူ ယုအိမ်တော်သို့ မပြန်တော့ဘဲ အလင်းဥဒေါင်းဘုရင်ကို နေရာတစ်ခုဆီသို့ ခေါ်သွားလိုက်သည်။

သူတို့နှစ်ယောက်က တောင်တန်းများ၊ သမုဒ္ဒရာများနှင့် ဆီးနှင်းကမ္ဘာကြီးများကို ဖြတ်ကျော်ပြီး ခရီးနှင်လာခဲ့ကြ၏။ ပင်လယ်ကြမ်းပြင်များကိုပါ ဖြတ်ကျော်ပြီး ရှေ့ဆက်ခဲ့ကြသည်။ ဤသည်မှာ ခရီးရှည်ကြီးတစ်ခုဟုပင် ဆိုရပေမည်။

"ဘယ်ကိုသွားနေတာလဲ"နောက်ဆုံးတွင် အလင်းဥဒေါင်းဘုရင်က မနေနိုင်တော့ဘဲ မေးလိုက်သည်။

"အရမ်းဝေးတဲ့နေရာတစ်ခု၊ မင်းက ပုလဲမြို့သခင်ဆိုတော့ အဲ့ဒီနေရာကိုသိဖို့ အရည်အချင်းပြည့်မီပါတယ်၊ နောက်တစ်ချိန် မင်းတစ်ယောက်ထဲ ပြန်လာလို့ရတယ်လေ၊ ဒါပေမယ့် အဲ့ဒီနေရာကိုရောက်ဖို့က မင်းရဲ့အရည်အချင်းတွေပေါ် မူတည်တယ်"လီကွမ်ရီက ပြုံး၍ပြောလိုက်တယ်။

အလင်းဥဒေါင်းဘုရင်မှာ မျက်နှာရှုံ့မဲ့သွားရသည်။ အမှန်အတိုင်း ဝန်ခံရလျှင် နေရာများစွာကို ဖြတ်ကျော်လာခဲ့ရ၍ လမ်းမမှတ်မိတော့ချေ။ ဤနေရာမှ တစ်ယောက်ထဲပြန်ရမည်ဆိုပါက အိမ်ပြန်ရောက်ဖို့ပင် မလွယ်တော့ပေ။

"ဘာလို့ စကြာဝဠာကိုသြဒိနိတ်ဆုံမှတ်တွေကို အသုံးပြုပြီး မလာတာလဲ"အလင်းဥဒေါင်းဘုရင်က မေးသည်။ လီကွမ်ရီလို အဆင့်တစ်ယောက်အတွက် ယခုလို ခရီးရှည်ကြီးသွားရန်မလိုဘဲ စကြာဝဠာကို တိုက်ရိုက်ဖြတ်ကျော်နိုင်ကြောင်း နားလည်ထားသည်။ ကမ္ဘာကိုးခု၏ မည်သည့်နေရာသို့မဆို လီကွမ်ရီက သွားလာနိုင်ပေသည်။

"အဲ့ဒီနေရာကိုရောက်ဖို့ဆို စကြာဝဠာကို ဖြတ်ကျော်လို့မရဘူး၊ အဲ့ဒီနေရာက ပုန်းကွယ်နေတဲ့ ဘုံတစ်ခုပါ၊ တစ်ဆင့်ချင်းစီပဲ သွားမှရမှာလေ"လီကွမ်ရီက ပြန်ဖြေသည်။

အလင်းဥဒေါင်းဘုရင်က ခေါင်းညိတ်ပြသည်။ တစ်ချိန်တည်းမှာ လွန်စွာ အရေးကြီးသော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခုသို့ သွားနေခြင်းဖြစ်ကြောင်း နားလည်လာခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးTempat cerita menjadi hidup. Temukan sekarang