1201 - 1205

107 3 0
                                    

စစ်ဧကရာဇ်(Chapter:1201)
(သံမဏိငါးမန်း)
.........................
     လွန်စွာ ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်စွမ်း ကြီးမားသူ - ဒီစကားလုံးတွေက ဤလူသားမျိုးနွယ် ကောင်လေးနှင့် ထိုက်တန်သည့် အသင့်လျော်ဆုံး စကားလုံးနှစ်လုံးခု ဖြစ်သည်။ အချို့မှာ အချိန်အတော်ကြာသည်အထိ ထိတ်လန့်တုန်လှုပ်နေကြရသည်။

     လီကွမ်ရီရဲ့စကားတွေက ပင်လယ်ငါးကလန်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဤမျှ ရဲတင်းလွန်းသနည်း။ ကျင့်ကြံသူတစ်ဦးတစ်ယောက်အတွက် မဆိုထားနှင့် မျိုးနွယ်စုတစ်ခု ပူးပေါင်းပြီးတောင်မှ မလုပ်ဝံ့သည့်အရာ ဖြစ်သည်။

     ယခုမူကား လီကွမ်ရီဟု အမည်ရသည့် လူသားမျိုးနွယ် လူငယ်တစ်ယောက်က ပင်လယ်ငါးသခင်လေး အပါအဝင် သိန်းချီသည့် ပင်လယ်ငါး စစ်သည်များကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် သူသည် လူအများရှေ့တွင် ပင်လယ်ငါးသခင်လေးရဲ့ နဂါးအရွတ်ကို စားခဲ့သည်။ ဒီလိုလုပ်ရပ်မျိုးကို လက်ရှိခေတ်ကာလ၌ အခြား မည်သူမှ မလုပ်ဝံ့ကြပေ။

    "သူက စကြာဝဠာအဆင့်လား ..."အနည်းငယ် ကြာပြီးနောက် ကျင့်ကြံသူတစ်ဦးက လီကွမ်ရီကို ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
     "စကြာဝဠာအဆင့် မဟုတ်ရင်တောင် ကောင်းကင်အရှင်သခင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေသူပဲ ဖြစ်ရမယ်"

     လီကွမ်ရီမှာမူ ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘဲ သူ့အရှေ့ ပင်လယ်အတွင်း ပြန်ကြည့်နေခဲ့သည်။ ထိုစဉ် ရေပြင်က လှုပ်ခတ်သွားခဲ့သည်။ တစ်ဆက်ထဲမှာ ချည်မျှင်ငါးတွေ ရောက်လာပြီး ရေပြင်ပေါ်ရှိ အင်းဆက်ပိုး အမှုန့်တွေကို စားနေခဲ့သည်။ ဒီချည်မျှင်ငါးတွေက အခြားကျင့်ကြံသူတွေ ဖမ်းနေသည့် ငါးအမျိုးအစားနှင့် မတူပေ။ ဒါက လမ်းပြချည်မျှင်ငါးတွေ ဖြစ်သည်။ သူတို့က နှစ်ထောင်ပေါင်းများစွာ အစာ မစားခဲ့ရသည့်အလား ဟိုဟိုဒီဒီ ကူးခတ်ပြီး အငမ်းမရ စားနေခဲ့သည်။

     လီကွမ်ရီက အစာစားနေသည့် ငါးတွေကို အနှောင့်အယှက်မပေးဘဲ ငြိမ်သက်စွာသာ စောင့်ကြည့်နေခဲ့သည်။ အနည်းငယ် ကြာပြီးနောက်မှာတော့ လမ်းပြချည်မျှင်ငါးတွေက သူဆင်ထားသည့် ထောင်ချောက်အတွင်း ကူးခတ်သွားသည်။ ဤတွင် သူက ကျေနပ်စွာ ပြုံးလိုက်ပြီး ထောင်ချောက်ကို အသက်ဝင်စေလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now