စစ်ဧကရာဇ်(Chapter:1561)
(လူထုတရားရုံး)
......................
ဝေါ်လုံရွှမ်က ဟွိုက်ယွီကို တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် လီကွမ်ရီကိုပြုံးပြပြီး ...
"မဆိုးလှပါဘူး"အမှန်အတိုင်းပြောရလျှင် နဂါးချောက်နက်၌ ဟွိုက်ယွီနှင့်အရည်အချင်းတူ တပည့်အများအပြား ရှိနေသည်။ ထို့ကြောင့် 'မဆိုးဘူး'ဟူသည့် အကဲဖြတ်ချက်က အတော်လေး ချီးကျူးထားပြီးသားဟုပင် ဆိုနိုင်ပေသည်။
"ကောင်းပြီ"လီကွမ်ရီက ဝေါ်လုံရွှမ်ကို ပြုံးပြလိုက်သည်။
"ငါက ဘယ်တပည့်ကိုမှ ခေါ်ယူလေ့မရှိဘူး၊ ဒီတော့ ဟွိုက်ယွီကို မင်းရဲ့ လက်ရင်းတပည့်အဖြစ် ခေါ်ပေးလိုက်ပါ"ဝေါ်လုံရွှမ်မှာ အံ့အားသင့်သွားခဲ့ရ၏။ သူမ၏လက်ရှိအဆင့်အရ တပည့်လိုချင်လျှင်ပင် ဟွိုက်ယွီထက် သာလွန်သူတွေကို ရှာနိုင်ပေသည်။ သူမ၏အမြင်အရ ဟွိုက်ယွီ၏ ပါရမီသည် နဂါးချောက်နက်၏ သာမန်တပည့်သာ ဖြစ်သင့်သည်။ သူမ၏လက်ရင်းတပည့်တစ်ယောက်ဖြစ်ရန် အရည်အချင်းမရှိချေ။
"ကောင်းပါပြီ၊ အစ်ကိုလီကိုယ်တိုင် ပြောနေမှတော့ သူ့ကို ငါ့တပည့်အဖြစ် ခေါ်သွားပေးပါ့မယ်"ဝေါ်လုံရွှမ်က အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
တစ်ချိန်က လီကွမ်ရီသည် သူမ၏အသက်ကို ကယ်ပေးခဲ့ဖူးသည်။ ထို့ကြောင့် လီကွမ်ရီ၏တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပါက မယဥ်ကျေးရာကျပေလိမ့်မည်။
"ဟေ့ ကောင်မလေး၊ မင်းရဲ့ဆရာကို သွားနှုတ်ဆက်လေ"လီကွမ်ရီက ဟွိုက်ယွီကို ပြုံး၍ပြောလိုက်သည်။
ဟွိုက်ယွီသည် အတော်လေးထက်မြက်ပြီး အကင်းပါးသည်။ လီကွမ်ရီ၏စကားအဆုံး အလျင်အမြန် ပြေးသွားပြီး ဝေါ်လုံရွှမ်၏အရှေ့၌ ဒူးထောက်လိုက်သည်။
"ဆရာ့ကို နှုတ်ဆက်ခွင့်ပြုပါ"ဟွိုက်ယွီ၏ လိမ္မာပါးနပ်ပုံကိုကြည့်ပြီး ဝေါ်လုံရွှမ်က ပြုံးလိုက်သည်။ ထို့နောက် ရတနာတစ်ခုကိုထုတ်ပြီး ဟွိုက်ယွီ၏လည်ပင်းတွင် ချည်ပေးလိုက်သည်။
"ဒါက ဆရာ့ရဲ့ နှုတ်ဆက်လက်ဆောင်ပါ"
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...