Ch 1691 - 1695

83 4 0
                                    

စစ်ဧကရာဇ်(Chapter:1691)
(အပြန်ခရီး)
..................
     နောက်ဆုံးတွင် လီကွမ်ရီက ယုကျွင်းဖုန့်ကိုနှုတ်ဆက်ရန် စင်ကြယ်မြို့တော်ရှိ ယုအိမ်တော်ထံသွားလိုက်သည်။

     "အရှင်မြတ် ..."ယုကျွင်းဖုန့်က မြေပြင်ပေါ်ဒူးထောက်ပြီး နှုတ်ဆက်သည်။ လီကွမ်ရီနှင့် တွေ့ဆုံခွင့်ရခြင်းက နောက်ဆုံးအကြိမ်ဖြစ်ကြောင်း သူမ၏စိတ်ထဲ နားလည်ပေသည်။

     လီကွမ်ရီက လက်ကိုလှုပ်ခါပြီး ဟန့်တားလိုက်သည်။ ပြီးမှ ပြုံး၍ပြောသည်။
     "ဘယ်အရာမှ မတည်မြဲပါဘူးလေ၊ မင်းက ငါ့အနောက်ကိုလိုက်ပြီး နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့တယ်၊ ဒါပေမယ့် အချိန်တန်ရင်တော့ ခွဲခွာကြရမှာပဲမဟုတ်လား"ထိုသို့သာ ပြောလိုက်ရသော်လည်း သူ၏စိတ်ထဲမှာတော့ အနည်းငယ် ဝမ်းနည်နေမိသည်။

     "အရှင်မြတ်နဲ့ နောက်တစ်ကြိမ် ပြန်ဆုံချင်သေးတယ်၊ ဖြစ်နိုင်ပါ့မလားတော့ မသိပါဘူး"ယုကျွင်းဖုန့်က တီးတိုးပြောသည်။ သူမ၏မျက်ဝန်းထက်မှာတော့ မျှော်လင့်ချက်ရောင်ခြည်များ ထင်ဟပ်နေပေသည်။

     "မဖြစ်နိုင်တာတော့ မရှိပါဘူးလေ၊ ကံကြမ္မာအလိုကျပဲပေါ့"လီကွမ်ရီက ပြန်ပြုံးပြသည်။

     "အောင်မြင်မှုနဲ့အတူ ပြန်လာခဲ့နော် အရှင်မြတ်"ယုကျွင်းဖုန်းက ပြောသည်။ သူမ၏စိတ်ထဲ ပြောချင်နေသည့် စကားလုံးများစွာ ရှိနေသော်လည်း တကယ့်လက်တွေ့မှာတော့ ဘယ်ကစပြောရမှန်းမသိ ဖြစ်နေလေသည်။

     "အင်း၊ မင်းလည်း နောက်ထပ်အကြာကြီး အသက်ရှည်ဖို့ ငါမျှော်လင့်ပါတယ်"လီကွမ်ရီက ခေါင်းညိတ်ပြသည်။ သူ၏စိတ်ထဲမှာလည်း ယုကျွင်းဖုန့်ကဲ့သို့ပင် ခံစားနေရသည်။ ခေတ်အဆက်ဆက်တွင် ချစ်ခင်ရသူအများအပြားနှင့် ခွဲခွာခဲ့ရသည်။ ခွဲခွာရသည့် အချိန်တိုင်းက သူ့ကို ခက်ခဲစေခဲ့ပေသည်။

     နောက်ဆုံးတွင် သူက ဆက်မနေရန် ဆုံးဖြတ်လိုက်သည်။ တုံ့ဆိုင်းမနေတော့ဘဲ နှုတ်ဆက်ပြီးသည်နှင့် အလျင်အမြန် ထွက်ခွာလာခဲ့သည်။

     ယုကျွင်းဖုန့်မှာမူ လီကွမ်ရီ၏ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ငေးကြည့်ပြီး ကျန်ရစ်နေလေသည်။ နောက်ဆုံးတွင် သူမ၏မျက်လုံးများမှ မျက်ရည်ပူများ စီးကျလာခဲ့ပြီး ...
     "နှုတ်ဆက်ပါတယ် အရှင်မြတ်၊ ကမ္ဘာကိုးခုက မင်းမရှိတော့ရင် အရင်လို မပြည့်စုံနိုင်တော့ဘူး"

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now