စစ်ဧကရာဇ်(Chapter:1716)
(မထွက်ခွာမီ အမှာစကား)
....................................
လေဟာနယ်နန်းတော်၏ စည်းမျဉ်းများကို သတ်မှတ်ပြီးနောက် လီကွမ်ရီက မြေနတ်ဘုရားကို ကမ္ဘာသစ်ပင်၏အရှေ့၌ ချက်ချင်းစိုက်ပျိုးပေးသည်။ မြေနတ်ဘုရား၏ သက်တမ်းက အနည်းငယ်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် မသေခင်အချိန်၌ သူ၏ မူလအရင်းအမြစ်ဖြစ်သော ကမ္ဘာသစ်ပင်ထံသို့ ပြန်သွားလိုခဲ့သည်။ [မြေနတ်ဘုရားဟုဆိုသော်လည်း သူ၏မူလဇာစ်မြစ်က သစ်ပင်တစ်ပင်ဖြစ်၏]မြေနတ်ဘုရားကို ဆုံးရှုံးရခြင်းက ကောင်းကင်တာအိုကျောင်းတော်အတွက် ကြီးစွာသော ထိုးနှက်ချက်ဖြစ်သော်လည်း နှစ်ပေါင်းများစွာ အကျိုးဆောင်ပေးခဲ့ပြီးပြီဖြစ်၍ အနားယူခွင့်ပေးသင့်သည်။ ထို့ကြောင့် ကောင်းကင်တာအိုကျောင်းတော်ကလည်း ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ မြေနတ်ဘုရားကို ထွက်ခွာခွင့်ပေးခဲ့သည်။
အရာအားလုံး ပြင်ဆင်ပြီးပြီဖြစ်၍ ကမ္ဘာကိုးခုမှ ထွက်ခွာရန် အချိန်တန်ပြီဖြစ်သည်။ ထို့နောက် လီကွမ်ရီက နူးဖန်ကို ဆင့်ခေါ်လိုက်သည်။
နှစ်များစွာအကြာ၌ နူးဖန်၏အင်အားက သိသိသာသာ အားကောင်းလာခဲ့သည်။ ပိန်လှီသည့် အဘိုးအိုတစ်ယောက်အသွင် ရှိနေဆဲဖြစ်သော်လည်း ယခင်ကနှင့် လုံးဝမတူတော့ပေ။ အထူးသဖြင့် သူ၏ကျောပေါ်၌ မာကျောသည့် အခွံမာတစ်ခု ရှိနေပြီဖြစ်သည်။
ပုံသဏ္ဍာန်အားဖြင့် ကြောက်လန့်ဖွယ်ကောင်းသူတစ်ယောက်ဟု မထင်ရသော်လည်း လက်ရှိသူ၏အင်အားဖြင့် ကောင်းကင်ကြီးပြိုကျလျှင်ပင် ပခုံးဖြင့်ထမ်းထားနိုင်သည်ဟူသော ခံစားချက်ကိုပေးနေသည်။
နူးဖန်သည် လီကွမ်ရီကပေးထားသော ပေါင်းစပ်နည်းရှစ်မျိုးအထိကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ပြီးပြီဖြစ်သည်။ ထို့ပြင် ခရုနတ်ဘုရား၏ မျိုးဆက်ဖြစ်၍ သူ့ထံ၌ စစ်မှန်သော နတ်ဘုရားမျိုးဆက်သွေး ရှိသည်။ ပေါင်းစပ်နည်း(၁၈)ခုကိုသာ လေ့ကျင့်ပြီးပါက သူသည် ဘိုးဘေးဖြစ်သူ ခရုနတ်ဘုရားနှင့် တူညီသောအဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...