1111 - 1115

160 6 0
                                    

စစ်ဧကရာဇ်(Chapter:1111)
(အင်မော်တယ် တာအိုဖြတ်တောက်ခြင်း)
.............................................................
     လီကွမ်ရီမှာ ဧကရာဇ်တစ်ထောင် ဂိုဏ်းချုပ်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။ ပြီးမှ လှောင်ပြောင်သရော်လိုက်သည်။
     "ဟုတ်လား၊ မင်းတို့တွေ ဘယ်လိုရတနာကို ယူလာကြလဲဆိုတာ ငါသိချင်တယ်၊ မင်းတို့လေးယောက်လုံး အတူတကွ ရောက်လာတာဆိုတော့ ကောင်းကင်ကို ဖျက်ဆီးနိုင်တဲ့ ရတနာတစ်ခုစီတော့ ပါလာကြမှာပဲ၊ ရက်စက်တောင်တန်းနဲ့ မိုးပြာရောင် ရှေ့ဟောင်းနိုင်ငံကတော့ အဲ့ဒီလို ရတနာမျိုး တစ်ခု၊ နှစ်ခုလောက် ပိုင်ဆိုင်ထားပါတယ်၊ ဒါပေမယ့် မင်းကရော ဘယ်လိုလဲ၊ မင်းရဲ့ ဧကရာဇ်တစ်ထောင်ဂိုဏ်းမှာ ဘယ်လိုရတနာတွေများ ကျန်နေသေးလို့လဲ"လီကွမ်ရီက စကားဆုံးသည်နှင့် ရယ်မောလိုက်သည်။

     "တိရိစ္ဆာန်ကောင် ..."ဓားကိုးလက်သခင်က လီကွမ်ရီကို ဒေါသတကြီး အော်ငေါက်သည်။ ပြီးနောက် တခြားသူတွေကို လှည့်ကြည့်ရင်း ပြောလိုက်သည်။
     "မိတ်ဆွေတို့၊ ဒီတိရိစ္ဆာန်ကို အပိုင်းပိုင်း ဖြတ်ပစ်ကြရအောင်"

     သူတို့ လေးယောက်လုံးမှာ အကြီးအကျယ် ဒေါသထွက်နေကြပြီ ဖြစ်သည်။ ချက်ချင်းပင် အတူတကွ ပူးပေါင်းပြီး အားကောင်းတဲ့ ဝင်္ကပါတိုက်ကွက်တစ်ခုကို ပုံဖော်လိုက်ကြသည်။ ဆက်ပြီး အချိန်မဆွဲချင်ကြတော့ပေ။

     တကယ်တော့ အစောပိုင်း စီစဉ်ထားသည်မှာ သူတို့လေးယောက် တိုက်ခိုက်ဖို့ မဟုတ်ပေ။ လေးယောက်လုံးရဲ့ စိတ်ထဲတွင် ကျိခွမ်းဝူတိက လီကွမ်ရီကို သတ်နိုင်မည်ဟု ‌ထင်ထားခဲ့ကြသည်။ အကယ်၍ ကျိခွမ်းဝူတိသာ လီကွမ်ရီကို သတ်နိုင်ခဲ့ပါက ကျရှုံးထားတဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်နိုင်မည် ဖြစ်သည်။

     သို့သော် အဆုံးသတ်မှာတော့ ကျိခွမ်းဝူတိသာ သေဆုံးသွားခဲ့ရသည်။ ဒါက သူတို့ကို ထိတ်လန့်စေခဲ့သည်။ ဒါကြောင့်လည်း အချိန်မဆွဲတော့ဘဲ ဝိုင်းဝန်းတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ လီကွမ်ရီကို လျှော့မတွက်ရဲကြတော့ပေ။ အကယ်၍ သူတို့သာ အချိန်ဖြုန်းနေပါက လီကွမ်ရီ လွတ်မြောက်သွားနိုင်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now