စစ်ဧကရာဇ်(Chapter:1071)
(ရှန်းမုန့်ဟွေ)
....................
"သူက ဘာလုပ်မလို့လဲ"လူများစွာမှာ ရှန်းမုန့်ဟွေကို ကြည့်ပြီး စိတ်လှုပ်ရှားနေကြသည်။ သူတို့ ကြည့်နေစဉ်မှာပင် ရှန်းမုန့်ဟွေက မျောက်တွေကို ကျော်ဖြတ်သွားခဲ့သည်။ ထူးဆန်းစွာပင် အနီရောင်အသီးကို စောင့်ကုက်နေကြတဲ့ မျောက်တွေက သူ့ကို ဂရုမစိုက်ကြပေ။"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"မျောက်တွေရဲ့ တိုက်ခိုက်မှုကို မခံရ၍ အားလုံးမှာ ရှန်းမုန့်ဟွေကို အံ့အားတသင့် ကြည့်လိုက်မိကြသည်။
"ညှို့ငင်ခြင်းအစွမ်း ..."အလယ်ပိုင်းနယ်မြေမှ ကျင့်ကြံသူတစ်ဦးက တီးတိုးရေရွတ်သည်။
"သူက နတ်ဘုရားဘိုးဘေးရဲ့ ကိုယ်တိုင် သင်ပြပေးမှုကို ရခဲ့မှတော့ အခုလိုလုပ်နိုင်တာ မထူးဆန်းတော့ပါဘူး၊ သူက မျောက်တွေကို ညှို့ပြီး ထိန်းထားနိုင်ခဲ့တယ်""ဒါက မိုးကောင်းကင်ကို ဆန့်ကျင်တဲ့ စွမ်းအားတစ်ခုပဲ ..."လူငယ်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။
"ဒီမျောက်တွေ အားလုံးက ခက်ထန်ကြမ်းတမ်းပေမယ့် သူက ညှို့ယူနိုင်ခဲ့တယ်၊ သူက ကျိခွမ်းဝူတိနဲ့ တကယ် နှိုင်းယှဉ်နိုင်တာပဲ၊ ဆယ်နှစ်လောက်သာ စောပြီး မွေးဖွလားလာခဲ့ရင် ကျိခွမ်းဝူတိနဲ့အတူ ရပ်တည်နိုင်လိမ့်မယ်"ရှန်းမုန့်ဟွေသည် မိုးပြာရောင်ရှေ့ဟောင်းနိုင်ငံရဲ့ ဆက်ခံသူ ဖြစ်သည်။ တစ်ချိန်က ကောင်းကင်တာအိုကျောင်းတော်၌ သူတို့ရဲ့ ယခင်ဆက်ခံသူကို လီကွမ်ရီက သတ်ဖြတ်ခဲ့သည်။ ဒါကြောင့် ဆက်ခံသူအသစ်တစ်ယောက် ပြန်လည်ရွေးချယ်ဖို့ ပြင်ဆင်ခဲ့ရသည်။
နောက်ဆုံးတွင် ရှန်းမုန့်ဟွေက အနိုင်ရပြီး ဆက်ခံသူအသစ် ဖြစ်လာခဲ့သည်။ သူ့ရဲ့ အရည်အချင်းကို အားလုံးရဲ့အရှေ့တွင် ပြသနိုင်ခဲ့သည်။ ဒါကြောင့် အကြီးဆုံးဘိုးဘေးဖြစ်တဲ့ နတ်ဘုရားဘိုးဘေးကိုယ်တိုင် သူ့ကို သတိထားမိခဲ့သည်။ ယခင်ဆက်ခံသူထက် သာလွန်သည်မှာ သူက နတ်ဘုရားဘိုးဘေးရဲ့ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်းပြသမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...