1086 - 1090

161 6 0
                                    

စစ်ဧကရာဇ်(Chapter:1086)
(အင်ပါယာနယ်မြေ)
..............................
     မိန်းကလေးအားလုံးမှာ စိတ်လှုပ်ရှားမှုနဲ့ တုန်လှုပ်မှုတွေ ဖြစ်နေကြရသည်။ အချိန်အနည်းငယ်ကြာသည်အထိ ဆွံ့အနေပြီးနောက် ပိုင်ကျန့်ကျန်းက မယုံနိုင်ဟန်ဖြင့် ပြောသည်။
     "ဧကရာဇ်နူကျန့်က အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူလေ"

     ကမ္ဘာကြီးကိုးခုတွင် ယုံကြည်မှုတစ်ခု ရှိသည်။ ယင်းမှာ အင်မော်တယ်ခန္ဓာကိုယ်ကို ပြီးပြည့်စုံတဲ့အဆင့်ထိ အောင်မြင်ပြပါက ဧကရာဇ်ကိုပင် ယှဉ်နိုင်သည်ဟူ၍ ဖြစ်သည်။ ဧကရာဇ်နူကျန့်ဆိုသည်မှာ အင်မော်တယ်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်တစ်ပါး ဖြစ်သည်။ သူ့လိုလူပင် ရှုံးနိမ့်ခဲ့သည်ဆို၍ ပိုင်ကျန့်ကျန်းမှာ မယုံနိုင် ဖြစ်နေခဲ့ရသည်။

     ဒါကို ကြည့်ခြင်းအားဖြင့် မိစ္ဆာသတ်ကွင်းရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို တွေးကြည့်နိုင်ပေသည်။

     "ဒီကမ္ဘာပေါ်မှာ အင်မော်တယ် ဧကရာဇ်တွေထက် ပိုပြီး အစွမ်းထက်သူတွေ ရှိတာများလား ..."လီရှောင်းရန်က တုန်လှုပ်ချောက်ချားစွာဖြင့် တီးတိုးပြောလိုက်သည်။

     လီကွမ်ရီက ခေါင်းကို အနည်းငယ် ခါလိုက်သည်။
     "ကမ္ဘာကြီးကိုးခုမှာ အင်မော်တယ်ဧကရာဇ်ထက် အားကောင်းသူ မရှိဘူး၊ တိတိကျကျ ပြောရရင် ဧကရာဇ်တွေက အားလုံးကို အနိုင်မယူနိုင်ဘူးဆိုပေမယ့် သူတို့ကို အနိုင်ယူနိုင်သူလည်း ကမ္ဘာကိုးခုမှာ မရှိဘူး၊ ပြီးတော့ မိစ္ဆာသတ်ကွင်းမှာ မအောင်မြင်ခဲ့ရုံနဲ့ ဧကရာဇ်နူကျန့်ကို အားနည်းသူလို့ ပြောလို့မရဘူးလေ"

     "ဒါဆို သူက ဘာကြောင့် မအောင်မြင်ခဲ့တာလဲ ..."ချန်ပေါင့်ကျန်းက အလျင်အမြန် မေးလိုက်သည်။ ဒီမေးခွန်းရဲ့ အဖြေကို မည်သူမဆို သိချင်ကြပေလိမ့်မည်။

     မယ်ဆုယောင်တောင်မှ လီကွမ်ရီကို ကြည့်လိုက်မိသည်။ သူမသည် ထာဝရမြစ်ကျောင်းတော်ရဲ့ မျိုးဆက်ဖြစ်သော်လည်း ဧကရာဇ်နူကျန့်အကြောင်းကို ကောင်းကောင်း မသိပေ။ မှတ်တမ်းတွေထဲမှာလည်း ဧကရာဇ်နူကျန့်နဲ့ပတ်သက်ပြီး အနည်းငယ်သာ ကျန်ခဲ့သည်။ သို့သော် အပြင်လူဖြစ်တဲ့ လီကွမ်ရီက ဧကရာဇ်နူကျန့်အကြောင်းကို သူမထက် ပိုသိနေခဲ့သည်။ ဒါက သူမကို အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးUnde poveștirile trăiesc. Descoperă acum