စစ်ဧကရာဇ်(Chapter:1046)
(မုန်တိုင်း)
...............
အားလုံးက လီကွမ်ရီနဲ့ အဝေးဆုံးအထိ ဆုတ်ခွာသွားကြပြီး ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ ဘုန်းကြီးလိုလို လူလိုလိုနဲ့ ဤလူငယ်က တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှသည်။လူတိုင်းက ဗုဒ္ဓကုန်းမြင့်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သိသင့်သလောက် သိထားပြီး ဖြစ်သည်။ ဘုရားကျောင်း ၁၈ခုမှ ဘုန်းတော်တွေရဲ့ တရားသံက ထိန်းချုပ်နိုင်စွမ်းရှိသည်ကိုလည်း သိကြသည်။ သို့သော် ဘုရားကျောင်းကို စိန်ခေါ်သူတွေသာ ထိန်းချုပ်ခံကြရခြင်း ဖြစ်သည်။ ယခုက မတူပေ။ ဘုရားကျောင်း ၁၈ခုနဲ့ မဆိုင်တဲ့ နေရာတစ်ခုမှာ ထိန်းချုပ်ခံခဲ့ရခြင်း ဖြစ်သည်။ ဒီနေရာက ဝိညဉ်တောင်နဲ့ အနည်းငယ် အလှမ်းဝေးတဲ့ ဒေသတစ်ခု ဖြစ်သည်။ ဒါကပင် အားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ အကြောင်းရင်းတစ်ခု ဖြစ်သည်။
ကျိခွမ်းဝူတိတို့လို အကြီးမြတ်ဆုံးဟူသည့် ပါရမီရှင်များပင် ဆွံ့အနေကြသည်။ သူတို့သည် ယုံကြည်ချက် ပြင်းထန်သူတွေ ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေက သူတို့အတွက် အလွန်ဆိုးရွားသည်။ နတ်ဆိုးဗုဒ္ဓရဲ့ အင်အားက သူတို့အတွက် အန္တရာယ်များလွန်းလှသည်။ အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ရန် လမ်းကြောင်း၌ ဤနတ်ဆိုးဗုဒ္ဓက သူတို့အတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်သည်။
"ဟေ့၊ မင်းက ဗုဒ္ဓကုန်းမြင့်ရဲ့ စွမ်းအားကို ငှမ်းရမ်းအသုံးပြုနေတာလား၊ ဒါမှမဟုတ် မင်းရဲ့ကိုယ်ပိုင်စွမ်းအားလား"ထိုစဉ် ပင်းယွီရှားက လီကွမ်ရီကို ကြည့်ပြီး သိချင်စိတ်နှင့် မေးသည်။
လီကွမ်ရီက ပင်းယွီရှားကို ကြည့်ပြီး ပြုံးလိုက်သည်။
"ငါနင်းတဲ့ မြေက ဗုဒ္ဓဘာသာရဲ့သန့်ရှင်းတဲ့ နယ်မြေ ဖြစ်လာလိမ့်မယ်၊ ငါပြောတဲ့ စကားက ဓမ္မတရားတော်ဖြစ်လာလိမ့်မယ်၊ ငါသွားရာနောက်ကို ဘုရားလောင်းနဲ့ ရဟန္တာတွေ လိုက်ကြလိမ့်မယ်၊ ငါက ဓမ္မနဲ့ ဗုဒ္ဓဥပဒေသတွေကို ထိန်းချုပ်တယ်၊ လူတိုင်းက ငါ့တရားကို နာယူပြီးချိန်မှာ ဗုဒ္ဓဘာသာထဲကို ဝင်ကြရလိမ့်မယ်"
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...