1051 - 1055

178 7 0
                                    

စစ်ဧကရာဇ်(Chapter:1051)
(ဘိုင်ဆာဗာနာဘုန်းတော်ကြီး)
.............................................
     ဗုဒ္ဓမြို့တော်အတွင်း ရှိနေသူအားလုံးမှာ ထိုဘုန်းတော်ကြီးကို ကြည့်ပြီး တအံ့တသြ ဖြစ်နေမိကြသည်။ ချက်ချင်းလိုလိုပင် ဗုဒ္ဓဘာသာဝင်တွေမှာ မြေပြင်ပေါ် ပြားပြားဝတ်သည်အထိ မှောက်ချပြီး  ၀တ်ပြုကိုးကွယ်လိုက်ကြတော့သည်။

     "သူက ဘယ်သူလဲ ..."ကျင့်ကြံသူတစ်ယောက်က ဘုန်းတော်ကြီးကို ကြည့်ရင်း ရေရွတ်လိုက်သည်။ လူငယ်မျိုးဆက်တွေ မဆိုထာနဲ့ ယခင်မျိုးဆက်မှ ဘိုးဘေးတွေပင် ထိုဘုန်းတော်ကြီးကို မသိကြပေ။

     "သူက ဘိုင်ဆာဗာနာဘုန်းတော်ကြီးလေ၊ ဝိညာဉ်တောင်တန်းရဲ့ အုပ်ထိန်းသူပေါ့ ..."နတ်ဘုရားစစ်သည်တော်အဆင့် ဘိုးဘေးတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။
     "သူက ဗုဒ္ဓဘာသာရဲ့ အုပ်ထိန်းသူဆိုပေမယ့် သူ့ကို ဘယ်သူမှ မတွေ့ဖူးကြဘူး ..."

     "သူက ပြိုင်ဘက်ကင်းတစ်ယောက်လား ..."နတ်ဘုရားစစ်သည်တော်ရဲ့ တပည့်တစ်ဦးက သိလိုစိတ် ပြင်းပြစွာဖြင့် ပြန်မေးသည်။

     "အရမ်း အစွမ်းထက်တယ် ..."နတ်ဘုရားစစ်သည်တော်အဆင့် ဘိုးဘေးက ဆက်ရှင်းပြသည်။
     "ဒီဘုန်းတော်ကြီးက ဝိညဉ်တောင်ကိုလာပြီး သာသနာ့ဘောင်ထဲ မဝင်ခင် ကျင့်ကြံသူဘဝကတည်းက အရမ်းအစွမ်းထက်တယ်တဲ့၊ ကမ္ဘာကိုးခုမှာတောင် ပြိုင်ဘက်ကင်းခဲ့တယ်လို့ ကောလာဟလတွေ ရှိခဲ့ဖူးတယ်၊ ပိုပြီး အံ့ဩစရာကောင်းတာက အင်မော်တယ်ဧကရာဇ်ကိုတောင် တိုက်ခိုက်နိုင်သူလို့ ပြောကြတယ်လေ ..."

     "ဒါပေမယ့် အသေးစိတ်တော့ ဘယ်သူမှ မသိပါဘူး ..."နတ်ဘုရားစစ်သည်တော်အဆင့်က ဆက်ပြောသည်။
     "အဲ့ဒီဘုန်းတော်ကြီးက သာသနာဘောင်ကို ဝင်ပြီးနောက်ပိုင်း အပြင်မထွက်တော့ဘူး၊ သူတိုက်ခိုက်တာကိုလည်း ဘယ်သူမှ မမြင်ဖူးဘူး၊ ဒါပေမယ့် သူက ဝိညဉ်တောင်ပေါ်မှာတော့ အင်အားအကြီးဆုံးပါ၊ ဘုန်းကြီး ၁၈ပါးရဲ့ ဝင်္ကပါတိုက်ကွက်နဲ့တောင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး ..."

     ထိုအချိန်မှာပင် ဘိုင်ဆာဗာနာ ဘုန်းတော်ကြီးက လီကွမ်ရီ တည်းခိုနေတဲ့ နေရာတွင် ရပ်တန့်လိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now