Ch 1696 - 1700

134 5 0
                                    

စစ်ဧကရာဇ်(Chapter:1696)
(ကမ္ဘာကိုးခု၏ အနာဂတ်အန္တရာယ်)
.................................................
     ကောင်းကင်သင်္ချိုင်းမှ ပြန်လည်ထွက်ခွာလာပြီးနောက် လီကွမ်ရီက ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းသို့ မပြန်သေးဘဲ ကောင်းကင်ကိုယ်ရံတော်မြို့သို့ ဦးတည်ထွက်ခွာလာခဲ့သည်။ မကြာမီ ကမ္ဘာကိုးခုမှ အပြီးတိုင်ထွက်သွားတော့မည်ဖြစ်၍ မိုးပြာနဂါးတပ်မဟာအတွက် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ပေးရပေလိမ့်မည်။

     ယခင်က မိုးပြာနဂါးတပ်မဟာကို အနားယူခွင့်ပေးခဲ့သော်လည်း ကမ္ဘာကိုးခု၏အနာဂတ်အတွက် သူ၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲရပေတော့မည်။

     ကောင်းကင်ကိုယ်ရံတော်မြို့သို့ ရောက်ချိန်၌ ကမ္ဘာစောင့်နတ်ဘုရားကိုယ်တိုင် ထွက်၍ကြိုဆိုသည်။ သူက ရိုကျိုးစွာ ဦးညွှတ်လိုက်ပြီး ပြောသည်။
     "အရှင်မြတ်ကို ကြိုဆိုပါတယ် ..."

     "ထပါ၊ မင်းက ငါ့အတွက် အလုပ်လုပ်ပေးခဲ့တာလည်း နှစ်ပေါင်းမနည်းတော့ဘူးလေ၊ ဒီလိုအရိုအသေပေးစရာ မလိုပါဘူး"လီကွမ်ရီက ကမ္ဘာစောင့်နတ်ဘုရားကို အလျင်အမြန် ဖေးမပေးလိုက်သည်။

     ကမ္ဘာစောင့်နတ်ဘုရားက ခွင့်ပြုချက်ရပြီးနောက် မတ်တတ်ထလိုက်သည်။ ပြီးနောက် သူကိုယ်တိုင် လီကွမ်ရီအတွက် ထိုင်စရာစီစဥ်ပေးသည်။
     "နှုတ်ဆက်ဖို့လာခဲ့တာလား အရှင်မြတ် ..."ထိုသို့ပြောပြီးနောက် သူ၏အမူအရာက ဖျော့တော့သွားခဲ့၏။ နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သူ၏မသိစိတ်ထဲမှ သိနေသည်။

     "မှန်တယ်၊ မင်းကို နှုတ်ဆက်ဖို့လာခဲ့တာပါ"လီကွမ်ရီက ခေါင်းညိတ်ပြသည်။
     "ငါထွက်မသွားခင် ပစ္စည်းတချို့ကို ပေးထားခဲ့ချင်လို့လေ"

     ထိုနောက် ရတနာအချို့ကိုထုတ်ပြီး ကမ္ဘာစောင့်နတ်ဘုရားထံ ပေးလိုက်သည်။
     "ဒါတွေက ငါစုဆောင်းထားတဲ့ အရင်းအမြစ်တွေထဲက တချို့ပါ၊ မင်းရဲ့စစ်သည်တွေကို လေ့ကျင့်ပေးတဲ့နေရာမှာ အသုံးပြုဖို့လေ"

     ဘိုးဘေးမြေအဖွဲ့နှင့် နေသူရိန်ဂိုဏ်း၏ ရတနာလက်နက်များက လွန်စွာများပြားသည့်အပြင် သံသယရှိစရာမလိုအောင် အားကောင်းကြသည်။ ထိုကဲ့သို့သော ပမာဏကို အခြားဂိုဏ်းများမှ ပိုင်ဆိုင်နိုင်ရန် မလွယ်ကူချေ။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now