1101 - 1105

153 3 0
                                    

စစ်ဧကရာဇ်(Chapter:1101)
(ရွှေအိုရောင် ရေ)
..........................
     လီကွမ်ရီမှာ တိဝေရဲ့ ချီးမွမ်းမှုကို ကြားပြီးနောက် ပြုံးရုံသာ ပြုံးလိုက်သည်။ မည်သည့်မှတ်ချက်မှ ပြန်မပေးခဲ့ပေ။

     ထိုအချိန်မှာပင် တိဝေက လီကွမ်ရီရဲ့ အနောက်ဘက်မှာ ရှိတဲ့ ဓားလေးချောင်းကို မြင်သွားခဲ့သည်။ ချက်ချင်းပင် လီကွမ်ရီကို  ကြည့်ပြီး အလေးအနက် မေးသည်။
     "မင်းက အဲ့ဒီပစ္စည်းကို ယူချင်ပြီလား"

     "အဘိုးဝေက ဒီနေရာကို စောင့်ရှောက်နေတယ်ဆိုတာ ငါသိတယ်"လီကွမ်ရီက ပြုံးလိုက်သည်။

     တိဝေက ညင်သာစွာ ပြုံးသည်။ ပြီးနောက် ခေါင်းကို အသာအယာ ခါလိုက်သည်။
     "ငါ့ကို အားနာနေစရာ မလိုပါဘူး၊ အင်ပါယာနယ်မြေရဲ့ အားအကောင်းဆုံး ဧကရာဇ်ဓား လေးချောင်းကို ပိုင်ဆိုင်ခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ၊ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် မင်းက အထဲကို ဝင်ဖို့ အရည်အချင်းပြည့်မီပါပြီ"

     "ဒါပေမယ့် အဲ့ဒီပစ္စည်းကို ရယူနိုင်ဖို့က မလွယ်ဘူးနော်"တိဝေက လေးနက်စွာ ဆက်ပြောသည်။
     "အရင်တုန်းက အင်ပါယာနယ်မြေသခင်ရဲ့ စစ်သူကြီးကိုယ်တိုင် ဓားလေးချောင်းကို ယူလာပြီး ကြိုးစားကြည့်ခဲ့ဖူးတယ်၊ ဒါပေမယ့် သူမလုပ်နိုင်ခဲ့ဘူးလေ"

     "ငါ့ကိုယ်ငါ ယုံကြည်မှု မရှိဘူးဆိုရင် ဒီဓားလေးချောင်းကို ရှာပြီး လာခဲ့မှာ မဟုတ်ဘူး"လီကွမ်ရီက တိဝေကို ပြန်ပြုံးပြလိုက်သည်။

     လီကွမ်ရီက ခြောက်ကပ်ကပ် ရယ်မောရင်း ဆက်ပြောသည်။
     "အဘိုးဝေ၊ ငါ့ကို စစ်ဆေးနေတာလား၊ ငါ့စိတ်ထဲမှာ မရေရာမှုအချို့ ရှိနေပေမယ့် အဲ့ဒီဟာနဲ့ ပတ်သက်တဲ့ မှတ်တမ်းအချို့ကို ဖတ်ဖူးထားတယ်၊ အဲ့ဒီပစ္စည်းက အခြားသူတွ သိထားတဲ့ နာမည်အပြင် နောက်ထပ် အမည်တွေပါ ရှိသေးတယ်"

     "ကြည့်ရတာ မင်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပုံရတယ်"တိဝေက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
     "မင်းဆီမှာ အရည်အချင်း ပြည့်မီရင် အဲ့ဒီကိုဟာကို ယူသွားနိုင်တယ်"

     "ကျေးဇူးတင်ပါတယ်၊ အဘိုးဝေ"လီကွမ်ရီက ပြုံး၍ ပြောသည်။ ပြီးနောက် အနည်းငယ် ဦးညွှတ်လိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now