1536 - 1540

82 5 0
                                    

စစ်ဧကရာဇ်(Chapter:1536)
(သိုင်းခုနှစ်ပါးစံအိမ်)
.............................
     "ထပါ၊ မင်းနဲ့သဘောတူထားတာကို အကောင်အထည်ဖော်ဖို့ လာခဲ့တာ"လီကွမ်ရီက မြင့်မြတ်သောဘိုးဘေးကို ပြောလိုက်သည်။

     မြင့်မြတ်သောဘိုးဘေးမှာ ခြေထောက်များ အားနည်းလာခဲ့ရတော့၏။ ချက်ချင်းပင် ကမန်းကတန်း ပြန်ပြောသည်။
     "မြင့်မြတ်တဲ့အရှင်၊ ဒီနိမ့်ကျသူက ရေတွင်းထဲက ဖားငယ်လေးလိုပဲ မျက်စိကန်းခဲ့ပါတယ်၊ အရှင့်ကို မသိဘဲ အပေးအယူလုပ်ခဲ့မိလို့ ခွင့်လွတ်ပေးပါ၊ ငါ့သက်တမ်းတိုးဖို့အတွက်လောက်နဲ့ အရှင့်ကို ဒုက္ခမပေးဝံ့ပါဘူး"

     သူသည် ယခင်က လီကွမ်ရီ၏ဇာစ်မြစ်ကို မသိ၍ အပေးအယူလုပ်ရန် ကြိုးစားခဲ့သည်။ သို့သော် သိပြီးချိန်မှာတော့ အဘယ်မှာ အပေးအယူလုပ်ရဲတော့မည်နည်း။ ဒဏ္ဍာရီထဲမှ အမှောင်လက်နှင့် အပေးအယူလုပ်ရန် သတ္တိမရှိပေ။ အင်မော်တယ်ဧကရာဇ်များပင် အမှောင်လက်နှင့် အပေးအယူလုပ်ရန် မလွယ်ပေ။ အခြားအဆင့်များအတွက်မူ ထိုသို့လုပ်ရန် အရည်အချင်း မပြည့်မီပါ။ သူလည်း ခြွင်းချက်မရှိပေ။

     "ငါက ပြောပြီးသားစကားကို ပြန်မဖျက်တတ်ဘူး"လီကွမ်ရီက လက်ကိုလှုပ်ခါလိုက်ပြီး ဆက်ပြောသည်။
     "မင်းရဲ့သက်တမ်းကိုတိုးပေးဖို့ ငါသဘောတူထားပြီးပြီလေ၊ ငါလုပ်ပေးရမှာပေါ့"

     "အရှင့်ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"ထိတ်လန့်နေသည့် မြင့်မြတ်သောဘိုးဘေးက မသိမသာ သက်ပြင်းချသည်။ ထို့နောက် အကြိမ်ကြိမ် ဦးညွှတ်နေမိသည်။ ပြီးမှ မတ်တတ်ရပ်လိုက်ပြီး ...
     "ကြွပါ၊ အရှင့်ကို လမ်းပြပေးပါ့မယ် ..."

     "ကောင်းပြီ၊ သိုင်းခုနှစ်ပါးစံအိမ်ကို ငါမရောက်တာကြာပြီဆိုတော့ အချိန်ရတုန်း ရှုခင်းတွေကို ကြည့်ရမှာပေါ့ ..."

     ထို့နောက် မြင့်မြတ်သောဘိုးဘေးက ဘေးတွင်ရပ်နေသည့် ပင်လယ်ခုနှစ်သွယ် သိုင်းနတ်သမီးကို အလျင်အမြန် ပြောသည်။
     "သမီးလေး၊ သခင်မလေးစုက ငါတို့အိမ်နဲ့ မရင်းနှီးသေးဘူး၊ သူ့ကို ကိုယ်တိုင်ဧည့်ခံပေးလိုက်ဦးနော်"

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now