1306 - 1310

94 4 0
                                    

စစ်ဧကရာဇ်(Chapter:1306)
(စစ်မာယွီကျန့်)
.......................
     နောက်ဆုံးတွင် လျှိုရူယန်၏ သင်္ဘောက ဆက်လက်ခရီးနှင်လာခဲ့၏။ သို့သော် လီကွမ်ရီက အလျင်လိုခြင်း မရှိ၍ နှေးကွေးစွာသာ ရွက်လွင့်စေခဲ့သည်။ ထို့ကြောင့် အချိန်တိုအတွင်းမှာပင် ကျင့်ကြံသူ အများအပြားမှာ သူတို့အဖွဲြ့ကို ကျော်ဖြတ်သွားခဲ့ကြသည်။

      တစ်ချိန်တွင် သင်္ဘောက ရုတ်တရက် ရပ်တန့်သွားခဲ့၏။

      "ဘာဖြစ်တာလဲ ..."ချက်ချင်းပင် လျှိုရူယန်က ပဲ့ထိန်းနေသည့် တပည့်တစ်ဦးကို မေးလိုက်သည်။

      "လူတစ်ယောက်က အရှေ့မှာ ပိတ်ရပ်နေလို့ပါ သခင်မ ..."

      "ဟမ် ... ငါတို့လမ်းကို ဘယ်သူကများ ပိတ်ဆို့ရဲတာလဲ ..."လျှိုရူယန်သည် မျက္မှောင်ကြုတ်လိုက်မိ၏။ စိတ်ထဲတွင်လည်း ဖြစ်နိုင်ချေအချို့ကို စဥ်းစားနေမိသည်။ ဝိညာဉ်ကမ္ဘာ၌ မိစ္ဆာထောင်ချောက်ကျောင်းတော်၏ သင်္ဘောကို ပိတ်ဆို့ဝံ့သူရှိပါသလော ...။

      "မြင့်မြတ်သောဓား​မြေက စစ်မာယွီကျန့်ပါ ..."ပဲ့ထိန်းနေသည့် တပည့်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

      ချက်ချင်းပင် လျှိုရူယန်နှင့် ကျိုးကျန့်ရှစ်တို့သည် တစ်ယောက္မျက်နှာတစ်ယောက် ကြည့်လိုက္မိကြ၏။

      သင်္ဘော၏အရှေ့ ကောင်းကင်ထက်၌ မိန်းကလေးတစ်ယောက် ရပ်နေသည်။ ပင်လယ်ရေသည်ပင် သူမ၏ ကိုယ်ပေါ်မှ ဖြာထွက်နေသည့် အငွေ့အသက်တွေကြောင့် အေးခဲတော့မည့်အလား ထင်မှတ်ရသည်။ သူမသည် အေးစက်ပြီး ခံစားချက်ကင်းမဲ့နေခဲ့၏။ သူမကို တွေ့ပါက မည်သူမဆို တုန်လှုပ်သည့် ခံစားချက္မျိုး ဖြစ်ပေါ်လာပေလိမ့်မည်။ သူမကို တွေ့မြင်ရသလောက် ကျို့ကျန့်ရှစ်ထက် ငယ်ရွယ်ပုံရသည်။ ထို့ပြင် မိန်းကလေးဟုဆိုသော်ငြား သူမသည် အလှမက္ပုံမရှိ၊ သာမန် မီးခိုးရောင် ဝတ်စုံတစ်ထည်သာ ဝတ်ဆင်ထားခဲ့၏။ အခြား အလှအပ ရတနာတွေကိုလည်း ဆင်မြန်းထားခြင်း မရှိပေ။

      သူမ၏ အသွင်အပြင်သည် အတော်လေး ရိုးရှင်းလှ၏။ အခြား မည်သည့်မိန်းကလေးတွေနှင့်မှ မတူပေ။ ထို့ပြင် သူမ၏ အကြည့်တွေသည် အလွန်အင်မတန် အေးစက်လွန်း၏။ ထိုမျှသာမက အနီးကပ် ကြည့်လိုက်ပါက သူမ၏ သွေးဆာသော အငွေ့အသက်တွေကို သိရှိခံစားနိုင်သည်။ သေချာသည်မှာ မည်သူမဆို သူမနှင့် မျက်လုံးချင်းဆိုင်မိပါက နေ့ခင်းကြောင်တောင် သရဲတွေ့လိုက်ရသည့်အလား ကြီးစွာ တုန်လှုပ်ရပေလိမ့်မည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now