စစ်ဧကရာဇ်(Chapter:1391)
(မုန့်ကျန်းထျန်းထွက်လာပြီ)
......................................
အရိုးပင်လယ်၏ အပြောင်းအလဲများက လူတိုင်းကို စိုးထိတ်စေခဲ့သည်။ အချို့သော ကျင့်ကြံသူတွေဆိုလျှင် အရိုးပင်လယ်၏ မတည်ငြိမ်သော အခြေအနေကြောင့် ပြန်လည်ထွက်ခွာဖို့အထိပင် ပြင်ဆင်နေခဲ့ကြ၏။"မုန့်ကျန်းထျန်းက ကျင့်ကြံနေတဲ့နေရာကနေ ထွက်လာပြီတဲ့ ..."ထိုအချိန်မှာပင် လူတိုင်းကို လှုပ်လှုပ်ရှားရှားဖြစ်စေသည့် သတင်းတစ်ခု ထွက်လာခဲ့သည်။ မုန့်ကျန်းထျန်းဆိုသည်မှာ လူအများ လက်လှမ်းမမီနိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူနှင့်ပတ်သက်သည့် သတင်းမှန်သမျှက တောမီးပမာ အချိန်တိုအတွင်း ပျံ့သွားခဲ့သည်။
"မုန့်ကျန်းထျန်းက လီကွမ်ရီကို လက်စားချေမှာလား ..."လူတိုင်း စိတ်လှုပ်ရှားနေမိကြ၏။ အထူးသဖြင့် ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ်တွေ ဖြစ်သည်။
ယင်းမှာ မထူးဆန်းပေ။ လီကွမ်ရီသည် လွန်စွာ လွှမ်းမိုးနိုင်လွန်းသည်။ ပင်လယ်နတ်ဆိုးနှင့် ညှို့ဓာတ်ပြင်းဝိညာဥ် အများအပြားသည် လီကွမ်ရီကြောင့် အရှက်ရခဲ့ကြသည်။ ထို့ကြောင့် သူတို့အားလုံး၏ အပြင်းထန်ဆုံး ဆန္ဒတစ်ခုမှာ လီကွမ်ရီကို အနိုင်ယူမည့်သူတစ်ယောက် ထွက်လာခဲ့ဖို့ဖြစ်သည်။
အထူးသဖြင့် ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ်များသည် လီကွမ်ရီ၏ ကျရှုံးမှုကို မြင်တွေ့ချင်ကြသည်။ သူတို့သည် မိုးကောင်းကင်၏ သားသမီးတွေဟု နာမည်ကြီးသည်။ ကိုယ့်ကိုယ်ကိုယ် အခြားမျိုးနွယ်တွေထက် မြင့်မြတ်သည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် လီကွမ်ရီ၏ အောင်ပွဲများက သူတို့ကို ပို၍အရှက်ကွဲစေခဲ့သည်။
"ဆန္ဒမစောကြပါနဲ့လေ၊ တိုက်ပွဲက ဒီနေ့မဖြစ်ရင်တောင် တစ်နေ့နေ့တော့ ဖြစ်လာမှာပါ ..."ယခင်မျိုးဆက်မှ ကျင့်ကြံသူတစ်ယောက်က တိုက်ပွဲမျှော်နေသူတွေကို ကြည့်ပြီး ပြုံး၍ပြောလိုက်သည်။
လီကွမ်ရီနှင့် မုန့်ကျန်းထျန်း၏ ယခင်တိုက်ပွဲကို တွေ့ဖူးသူတိုင်းသည် အခြားသူများထက် ပို၍ပင် ကြည့်ချင်နေကြသည်။ လီကွမ်ရီနှင့် မုန့်ကျန်းထျန်းတို့၏ တိုက်ပွဲက ရှောင်လွဲဖို့ မဖြစ်နိုင်ပေ။ ကောင်းကင်စွမ်းအားကို ရယူလိုသူနှစ်ယောက်ဖြစ်၍ မလွဲမသွေ ရင်ဆိုင်ဖို့လိုသည်။ ရှုံးနိမ့်သူက အနိုင်ရသူအတွက် လမ်းခင်းပေးသော အရိုးအပိုင်းအစတွေ ဖြစ်လာပေမည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...