စစ်ဧကရာဇ်(Chapter:1551)
(ဓားခုတ်ရာ လက်ဝင်လျှိုခိုင်းခြင်း)
...............................................
လီကွမ်ရီက စိတ်မရှည်တော့ဟန်ဖြင့် ဝမ်ရမ်သခင်ကို ကြည့်လိုက်သည်။ ပြီးနောက် ...
"ဝေ့ဝိုက်နေစရာမလိုဘူး၊ ဒဲ့ပဲပြောပါ ဝမ်ရမ်သခင်၊ ငါနားထောင်နေတယ်""မင်း ..."ဝမ်ရမ်သခင်မှာ ဒေါသထွက်သွားခဲ့ရတော့၏။ သူ၏သမီးကို လှည့်စားပြီး လက်ထပ်ပွဲကတိကဝတ်ကို ပျက်စေခဲ့သည့်အပြင် သူ့ကိုပါ မလေးမခန့်လုပ်နေသည်။ ထိုအရာများက လီကွမ်ရီကိုသတ်ပစ်ရန် လုံလောက်နေပြီဖြစ်၏။
အချိန်အတော်ကြာသည်အထိ လီကွမ်ရီကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေမိသည်။ ပြီးမှ စိတ်ကို အဆုံးအထိ လျှော့ချလိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။
"မင်းရဲ့အပြစ်က သေဖို့ထိုက်တန်နေပြီဆိုတာ သိလား""ငါသိတယ်"လီကွမ်ရီက ပြုံး၍ပြန်ပြောသည်။
"မင်းက ငါ့ကို တုံဖန့်အိမ်တော်ရဲ့လက်ထဲ လွဲပြောင်းပေးပြီး ပြဿနာကို ဖြေရှင်းချင်နေတာမလား""မှန်တယ်"ဝမ်ရမ်သခင်က အေးတိအေးစက် ဆက်ပြောသည်။
"လက်ထပ်ပွဲ ကတိကဝတ်ကို ပျက်စီးစေတာက ခွင့်လွတ်လို့မရတဲ့ အပြစ်တစ်ခုပါ၊ ဒါပေမယ့် မင်းကို သနားလို့ ငါမသတ်သေးဘူးလေ""ဟုတ်လား"လီကွမ်ရီက ဂရုမစိုက်ဟန်ဖြင့် ပြန်မေးသည်။
"လွီရီက မင်းအတွက်နဲ့ အများကြီး စွန့်လွှတ်အနစ်နာခံခဲ့ရတာ၊ တုံဖန့်ရဲ့ သခင်မလေးဖြစ်ခွင့်ကို အဆုံးရှုံးခံပြီး ကျော်ကြားနိုင်မယ့် အခွင့်အရေးတွေကို လက်လွတ်ခဲ့တာလေ၊ ဒါတွေအားလုံးက မင်းကြောင့်ပဲ၊ အစောတုန်းကတောင် မင်းကိုလွတ်ပေးဖို့ ငါ့ဆီလာပြီး တောင်းပန်ခဲ့သေးတယ်"
"ဘာလဲ၊ ငါ့ကို ဖျောင်းဖျဖို့ကြိုးစားနေတာလား"လီကွမ်ရီက ရယ်မောလိုက်သည်။
"အဲဒီလို ပြောလို့ရတယ်"ဝမ်ရမ်သခင်က ဆက်ပြောသည်။
"အဖွဲ့နှစ်ခုကြား လက်ထပ်ပွဲတွေက အရေးကြီးတယ်ဆိုတာကို မင်းလည်းသိမှာပါ၊ တစ်ခုခု လွဲချော်သွားရင် သွေးနဲ့ပဲ ပြန်ပေးဆပ်ရတာလေ"
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...