စစ်ဧကရာဇ်(Chapter:1636)
(တစ်ချက်ရွေ့ပြီး အနိုင်ယူမယ်)
............................................
လီကွမ်ရီက လုံအောင်းထျန်း၏ ကောင်းကင်ဖြိုခွင်းခြင်းအဆင့် တိုက်ပွဲစွမ်းအားကို ကြည့်လိုက်သည်။ဝှစ် ... ဤတစ်ကြိမ်၌ လုံအောင်းထျန်း၏တိုက်ကွက်မှ မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်။ ထိုမီးလျှံများသည် ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမဆို လောင်ကျွမ်းပြာကျစေနိုင်သည်။
ဂရား ... သားရဲတစ်ကောင်၏ ဟိန်းဟောက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ထက်၌ လွန်စွာကြီးမားသော နတ်သားရဲကိုးဖော် ထွက်ပေါ်လာခဲ့၏။ ဤသည်မှာ နတ်သားရဲဒုံမင်း၏ ကောင်းကင်ဖြိုခွင်းခြင်းအဆင့် တိုက်ပွဲစွမ်းအား ဖြစ်ပေသည်။
ဝုန်း ... အမှောင်ထုက အရာခပ်သိမ်းကို ဝါးမျိုသွားခဲ့သည်။ ချက်ချင်းပင် လုံအောင်းထျန်းကြောင့် ဖြစ်ပေါ်လာခံ့သည့် မီးလျှံအားလုံးမှာ အမှောင်ထုကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။
ဝုန်း ... ပေါက်ကွဲသံ အဆက်မပြတ် ထွက်ပေါ်လာသည်။ ယင်နှင့်ယန်တို့သည် ငါးများအဖြစ် ပြောင်းလဲသွားခဲ့ကြ၏။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ထက်၌ ယင်ယန်ငါးများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် နောက်ထပ် ကောင်းကင်ဖြိုခွင်းခြင်းအဆင့် တိုက်ပွဲစွမ်းအားတစ်ခု ထပ်မံထွက်ပေါ်လာပြီး ကမ္ဘာကိုးခုကို လှုပ်ခါသွားစေခဲ့ပြန်သည်။ ဤတိုက်ကွက်၏ အင်အားသည် ရူးသွပ်ချင်စရာပင်။ လောကရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။
ထို့ကြောင့်လည်း လီကွမ်ရီက လက်နက်အစစ်ကို အသုံးမပြုဘဲ ကမ္ဘာ့အချုပ်အနှောင်တံဆိပ်ဖြင့် ပုံတူကူးယူကာ တိုက်ကွက်ဖော်ရခြင်းဖြစ်၏။ ကမ္ဘာ့အချုပ်အနှောင်တံဆိပ်နှင့် ကံစွမ်းအားနန်းတော် တစ်ဆယ့်သုံးခုတို့ ပေါင်းစပ်လိုက်ပါက အဆုံးမရှိသော အဖျက်အဆီးစွမ်းအားများကို ထုတ်ဖော်နိုင်ပေသည်။
ယခုအချိန်တွင် သူသည် ကြက်ကိုသတ်ရန် နွားသတ်သည့်ဓားကို အသုံးပြုနေခြင်းဖြစ်သည်။ ဤတိုက်ကွက်က လုံအောင်းထျန်းကို သတ်ဖြတ်နိုင်သည်ထက် များစွာ အားကောင်းပေသည်။ သို့သော် မကြာသေးမီက ကံစွမ်းအားနန်းတော်၏ လျှို့ဝှက်ချက်အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုစွမ်းအားကို လက်တွေ့စမ်းသပ်ကြည့်ချင်၍ ဤနည်းလမ်းကို အသုံးပြုနေခြင်းဖြစ်ပေသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...