1031 - 1035

197 8 0
                                    

စစ်ဧကရာဇ်(Chapter:1031)
(ပြိုင်ဘက်ကင်းတဲ့ ဓမ္မ)
.......................................

ရှစ်မျက်နှာ ဘုရားလောင်းက ဝိညာဉ်တောင်ထိပ်ကို နေရောင်ခြည်ကဲ့သို့သော အလင်းတန်းတွေ ထွန်းလင်းစေခဲ့သည်။ များစွာသော လူတို့သည် မိုးကုပ်စက်ဝိုင်းထက်မှမှ မြင်ကွင်းကို ကြည့်ပြီး အသက်ရှူရပ်မတတ် ခံစားနေကြရသည်။ ထိုအတောအတွင်း ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံရသူတွေမှာမူ တောင်ထိပ်မှာပင် မြေပြင်ပေါ် ဒူးထောက်ဝတ်ပြုနေကြသည်။ သူတို့အားလုံးသည် ဗုဒ္ဓရဲ့ ထွန်းလင်းတောက်ပတဲ့ ရောင်ခြည်တော်အောက်တွင် ငြိမ်သက်စွာ ရှိနေကြပြီး ရုန်းထွက်ဖို့ မကြိုးစားကြတော့ပေ။ သေချာသည်မှာ သူတို့သည် တစ်သက်တာလုံး ထာဝရ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သွားကြပြီ ဖြစ်သည်။

     လက်ရှိအချိန်ထိ ဆွေးနွေးငြင်းခုံပွဲရဲ့ ရလာဒ်ကို မည်သူမှ မသိကြသေးပေ။ ဝတ်ပြုဆောင်အတွင်း ဝင်ရောက်ခွင့်ကို ကန့်သတ်ထားခြင်း မရှိသော်လည်း ဖြစ်လာနိုင်သည့် အကျိုးဆက်တွေကြောင့် မည်သူမှ ဝင်မကြည့်ရဲကြပေ။ ကျန့်ရှစ်လို ရင့်သန်တဲ့ နှလုံးသား ပိုင်ဆိုင်ထားသူပင် စက္ကန့်ပိုင်းအတွင်း ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံရနိုင်ပေသည်။

     ထိုအချိန်မှာပင် ညင်သာတဲ့ အသံနှင့်အတူ ဗိမာန်တော်အထက်မှ အလင်းသည် ရှစ်မျက်နှာ ဘုရားလောင်းရဲ့ ပုံရိပ်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

     "ဘယ်လိုဖြစ်သွားတာလဲ"ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် လူတစ်ယောက်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

     သို့သော် ထိုမေးကို မည်သူမှ မဖြေနိုင်ကြပေ။ အားလုံးက ဘုရားကျောင်းတံခါးဝကို ကြည့်ပြီး ကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ အချိန်သည် လွန်စွာ နှေးကွေးနေသလို ခံစားနေမိကြသည်။ လက်ရှိအချိန်ရဲ့ တစ်စက္ကန့်သည် ရာစုနှစ်များစွာ ကြာသလို ခံစားနေမိကြသည်။

     နောက်ဆုံးမှာတော့ တံခါးအပြင်ဘက်ကို လူတစ်ယောက် ထွက်လာခဲ့သည်။ အားလုံးမှာ ထိုသူကို ကြည့်ပြီး မျက်လုံးတွေ ပြူးကျယ်လာရတော့သည်။ ထိုသူသည် ယခင်လို ခေါင်းတုန်းပြောင်နှင့်မဟုတ်ဘဲ ရှည်လျားတဲ့ ဆံပင်တွေ ရှိနေခဲ့သည်။ ထိုသူကား အခြားမဟုတ်ပေ။ လီကွမ်ရီတစ်ဖြစ်လည်း ချူယွင်ထျန်းသာ ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDove le storie prendono vita. Scoprilo ora