1511 - 1515

98 7 0
                                    

စစ်ဧကရာဇ်(Chapter:1511)
(ကောင်းကင်အိပ်မက်ဂိုဏ်း)
......................................
     ဧကရာဇ်ပြိုင်ဘက်အဆင့်သုံးယောက် ထွက်ပေါ်လာခဲ့၍ ဝိညာဥ်ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ အခြားအဆင့်တွေ မဆိုထားနှင့် နတ်ဘုရားသခင်အဆင့်များပင် ဘာမှမပြောဝံ့ကြချေ။

     "နောက်ထပ်တစ်ယောက်လား ..."အမှောင်ရိပ်သခင် ထွက်လာပြီးနောက် လီကွမ်ရီ၏ တာအိုပုံရိပ်က ထပ်မံပေါ်လာသည်။ သူ၏အသံက ဝိညာဥ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။
     "နောက်ထပ် ခွေးလေခွေးလွင့်တစ်ကောင် ထွက်လာတာလား၊ ကောင်းပြီလေ၊ မင်းတို့အားလုံးကို ငါသတ်ပေးရမှာပေါ့၊ အားလုံး လူစုထားကြပါ၊ ငါ့အချိန်ကိုမဖြုန်းပါနဲ့"

     အားလုံးမှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။ ဧကရာဇ်ပြိုင်ဘက်အဆင့်သုံးယောက်နှင့် ရင်ဆိုင်နေရချိန်၌လည်း လီကွမ်ရီသည် ဆက်လက်မောက်မာနေဆဲပင်။ 'လွှမ်းမိုးချုပ်ကိုင်နိုင်လွန်းသူ'ဟူသည့် စကားလုံးဖြင့်ပင် သူ၏စရိုက်လက္ခဏာကို ညွှန်းဆိုရန် မလုံလောက်သေးချေ။

     "တကယ့်ကို မယုံနိုင်စရာလူပဲ"အားလုံး၏နှုတ်ဖျားမှ ထိုစကားကိုသာ ပြောနိုင်ကြတော့သည်။

     လီကွမ်ရီတစ်ယောက်သာလျှင် ဧကရာဇ်ပြိုင်ဘက်အဆင့်များကို ဤကဲ့သို့ ပြောဆိုရဲပေမည်။ မုန့်ကျန်းထျန်းလိုလူပင် အသက်ရှင်နေသေးပါက ယခုလိုပြုမူရဲမည် မဟုတ်ပေ။

     "သူ့ဆီမှာ ငါတို့မတွေ့ဖူးသေးတဲ့ အစွမ်းထက်နည်းလမ်းတွေ ရှိနေဦးမှာပါ ..."လီကွမ်ရီ၏ တိုက်ပွဲအချို့ကို မြင်ဖူးသည့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

     ယခင်ကလည်း လီကွမ်ရီသည် မုန့်ကျန်းထျန်းတို့အဖွဲ့အား ခွေးလေခွေးလွင့်တွေဟု ပြောဆိုခဲ့ဖူးသည်။ ထို့နောက် သူ၏စကားအတိုင်း မုန့်ကျန်းထျန်းတို့ကို သတ်ပစ်ခဲ့သည်။

     ယခုတစ်ဖန် ဧကရာဇ်ပြိုင်ဘက်အဆင့်သုံးယောက်နှင့် ရင်ဆိုင်ရချိန်မှာလည်း အလားတူ လုပ်ဆောင်နေသည်။ ဤသည်ကား အကြောင်းမဲ့ မာနကြောင့် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကြောင့်ဖြစ်ကြောင်း လူတိုင်း နားလည်လာခဲ့ကြသည်။ ထို့ပြင် လီကွမ်ရီသည် မုန့်ကျန်းထျန်းတို့နှင့် ရင်ဆိုင်စဥ်က အင်အားကို အပြည့်အဝ အသုံးမပြုခဲ့ချေ။ လှည့်ကွက်များသုံးပြီး အနိုင်ယူခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now