1246 - 1250

108 4 0
                                    

စစ်ဧကရာဇ်(Chapter:1246)
(ကျန့်အိမ်တော်)
.........................
     ကျန့်အိမ်တော် ... သက်တန့်မြို့တော်၌ ကျန့်အိမ်တော် ရှိနေသည်မှာ နှစ်ပေါင်း မရေတွက်နိုင်တော့ချေ။ သက်တန့်မြို့တော်၏ အရေးကြီးဆုံး အဖွဲ့တစ်ခုပင် ဖြစ်နေပေခဲ့ပြီ။

     အထူးသဖြင့် ကျန့်အိမ်တော်သည် လူသားမျိုးနွယ်အတွက် ပို၍ အရေးပါ၏။ သက်တန့်မြို့တော်၌ တစ်ခုတည်းသော လူသားမျိုးနွယ် အဖွဲ့အစည်း ဖြစ်ရကား သူတို့သည် လူသားမျိုးနွယ်၏ ဂုဏ်ယူဖွယ်ဟုပင် ဆိုနိုင်သည်။

     သို့ပေမယ့် ကျန့်အိမ်တော်က မောက်မာခြင်းမရှိ၊ အမြဲတမ်း နိမ့်ချစွာ နေလေ့ရှိ၏။ ဝိညာဉ်ကမ္ဘာ၌ အင်အားအကောင်းဆုံးတွေဟု ဆိုနိုင်သည့် အင်မော်တယ်ဧကရာဇ်ကူချွန်း၏ အမွေဆက်ခံသူ ဂိုဏ်းလေးခု၊ ရွှေကျွန်း၊ မိုးကြိုးခရုဂိုဏ်းနှင့် သိုင်းခုနှစ်ပါးစံအိမ်တို့လို အဖွဲ့အစည်းတွေနှင့်လည်း ဆက်ဆံရေး အထူးကောင်းမွန်သည်။ သက်တန့်မြို့တော်ကို ရောက်လာတိုင်း ထိုအဖွဲ့တွေ၏ ဘိုးဘေးတွေက ကျန့်အိမ်တော်သို့ တကူးတက သွားရောက်လည်ပတ်လေ့ ရှိကြ၏။

     ဝိညာဉ်ကမ္ဘာ၌ ကျန့်အိမ်တော်ကို အားလုံးက အရေးတယူ ပြုမူလေ့ ရှိသည်။ အဖွဲ့အစည်းတွေအတွင်း ပွဲတော်ကျင်းပတိုင်း ကျန့်အိမ်တော်ကို တလေးတစား ဖိတ်လေ့ရှိကြ၏။

     ကျန့်အိမ်တော်၏ ဇာစ်မြစ်အတိအကျကို သိရှိသူ မရှိသေးချေ။ မည်သည့်နေရာမှ ရောက်လာသည်ဆိုတာကိုလည်း မည်သူမှ မသိကြပေ။ အားလုံးသိထားသည်မှာ ကျန့်အိမ်တော်သည် သက်တန့်မြို့တော်၌ အရေးပါသည့် အဖွဲ့တစ်ခုဖြစ်ကြောင်းပင်တည်း။ ကျန့်အိမ်တော်နှင့် ကျန့်မိသားစု၏ မူလဇာစ်မြစ်မှာကား သူတို့အတွက် အဖြေမထုတ်နိုင်သည့် လျှို့ဝှက်ကြီးတစ်ခုသာ ဖြစ်၏။

     အင်အားကြီးအဖွဲ့ အများစု၏ မူလဇာစ်မြစ်ကို ဗဟုသုတ ရှိသူ အတော်များများ သိသည်ဟု ဆိုနိုင်၏။ ထိုအဖွဲ့တွေကို တည်ထောင်သည့် ဘိုးဘေးအများစုသည် ပင်လယ်နတ်ဘုရား၊ သစ်အုပ်ထိန်းသူနှင့် အင်မော်တယ်ဧကရာဇ်တွေ ဖြစ်ကြသည်။ လက်ရှိမျိုးဆက်တွေကလည်း သူတို့၏ ဘိုးဘေးတွေနှင့် ပတ်သက်ပြီး ဂုဏ်ယူဝင်ကြွားစွာဖြင့် ကြွားဝါလေ့ရှိကြ၏။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now