1161 - 1165

132 5 0
                                    

စစ်ဧကရာဇ်(Chapter:1161)
(နင်ငါ့ကို လက်ထပ်ရမယ်)
........................................
     "ကောင်းပြီ၊ အခု ဒီကို လာခဲ့ရတဲ့အကြောင်းရင်းကို မေးလို့ရမလား"လီကွမ်ရီက ယဲ့ရှောင်ရှောင်းကို ကြည့်ပြီး ပြုံး၍ မေးသည်။

     ချက်ချင်းပင် ယဲ့ရှောင်ရှောင်းရဲ့ မျက်နှာက တည်သွားခဲ့သည်။ သူမက လီကွမ်ရီကို မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်ပြီး ပြန်မေးလိုက်သည်။
     "နင်ငါ့ကို လက်မထပ်ချင်ဘူးလို့ ကြားတယ်၊ ဘာကြောင့်လဲ"

     "အာ ..."လီကွမ်ရီမှာ ထင်မှတ်မထားတဲ့ မေးခွန်းကြောင့် အူကြောင်ကြောင် ဖြစ်သွားခဲ့ရသည်။ အကယ်၍ ဒီနေရာမှာသာ အခြားသူတစ်ဦးရှိနေပါရ ချစ်သူနှစ်ဦး ရန်ဖြစ်နေသည်ဟုပင် အထင်ခံရနိုင်သည်။ ကံဆိုးလျှင် သူက ချစ်သူအပေါ် သစ္စာဖောက်၍ ရန်လုပ်ခံနေရသည်ဟုပင် ထင်သွားကြနိုင်သည်။

     လီကွမ်ရီက ညင်သာစွာ ပြုံးသည်။ ပြီးနောက် သူမကို ကြည့်ရင်း ပြန်လည်မေးခွန်းထုတ်လိုက်သည်။
     "ငါက ဘာကြောင့် မင်းကို လက်ထပ်သင့်တာလဲ"

     "ဘာကြောင့်လဲဆိုတော့ ဒီမိန်းမက ရွှေကျွန်းရဲ့ သခင်မလေးဖြစ်တဲ့အပြင် အမြင့်မားဆုံး မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတယ်၊ ပြီးတော့ နံပါတ်တစ် အလှပိုင်ရှင်တစ်ယောက်ဖြစ်နေလို့လေ ..."ယဲ့ရှောင်ရှောင်းက လက်နှစ်ဖက်ကို ခါးမှာ ထောက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

     လီကွမ်ရီမှာ ရယ်ရမလား၊ ငိုရမလားပင် မသိတတ်အောင် ဖြစ်သွားခဲ့ရဟည်။ သူက ခေါင်းကို အလျင်အမြန် ခါပြလိုက်သည်။
     "ဟမ် ... ဒီလိုပြောတိုင်း ငါက လက်ထပ်ရမှာလား၊ တကယ်လို့ မိစ္ဆာနဂါးမတစ်ယောက်က သူ့ကိုယ်သူ ဒီကမ္ဘာပေါ်မှာ အချောဆုံးလို့ ပြောလာရင်ရော ငါက လက်ထပ်ရမှာလား ..."

     "ဘာ၊ ဘယ်သူက ငါ့ရဲ့လူကို လုယူရဲမှာလဲ"ယဲ့ရှောင်ရှောင်းက ဒေါသတကြီး ဆက်ပြောသည်။
     "ပြီးတော့ ငါ့ကို လက်မထပ်ချင်ဘူးဆိုရင် သတို့သားပြိုင်ပွဲမှာ ဘာကြောင့် ဝင်ပြိုင်ရတာလဲ၊ နင်က အနိုင်ယူပြီး တခြားသူတွေရဲ့ အခွင့်အရေးကို ဆုံးရှုံးစေခဲ့တယ်လေ"

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now