1136 - 1140

145 6 0
                                    

စစ်ဧကရာဇ်(Chapter:1136)
(ဖျက်ဆီးခြင်း)
.......................
     အချိန်က ရပ်တန့်သွားပုံရသည်။ လက်ရှိမှာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပြီး အပ်ကျသံပင် ကြားရလောက်သည်။ ကျင့်ကြံသူတွေအနေနဲ့ သူတို့ရဲ့ ပုံမှန် စိတ်အခြေအနေကို ပြန်ရဖို့ အချန်များစွာ ယူခဲ့ရသည်။

     "သူက အရမ်းကို လွှမ်းမိုးနိုင်စွမ်း ကြီးမားတာပဲ"နောက်ဆုံးတွင် ကျင့်ကြံသူတစ်ဦးက သတိပြန်လည်လာပြီး ညည်းညူလိုက်သည်။

     လက်ရှိအခြေအနေက လီကွမ်ရီကို ပြိုင်ဘက်ကင်းသူဟု ချီးကျူးရုံနဲ့ မလုံလောက်တော့ပေ။ အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသူဟု သုံးနှုန်းပါက ပို၍ သင့်လျော်ပေလိမ့်မည်။

     နေသူရိန်ဂိုဏ်းရဲ့ ‌တာအိုဂိတ်တံခါးကို ဖျက်ဆီးပြီး မော်တယ်ဧကရာဇ်ကမ္ဘာနဲ့ ဆက်သွယ်မှုလမ်းကြောင်းအား ဖြတ်တောက်ဖို့ဆိုသည်မှာ အင်မော်တယ်ဧကရာဇ်တွေမှလွဲ၍ အခြားသူတွေ ပြုလုပ်နိုင်မည် မဟုတ်ပေ။

     "ဒီမျိုးဆက်က သတ်ဖြတ်ခြင်းနတ်ဘုရားအတွက်ပါပဲ၊ သူ့ကို ဘယ်သူကမှ ကျော်ဖြတ်နိုင်တော့မှာ မဟုတ်ဘူး ..."ကမ္ဘာရဲ့ တစ်ဖက်ခြမ်းမှ တိတ်တဆိတ် စောင့်ကြည့်အကဲခတ်နေတဲ့ နတ်ဘုရားသခင်အဆင့်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ချလိုက်သည်။

     အမှန်ပင် ဒီမျိုးဆက်ရဲ့ ကောင်းကင်စွမ်းအားက လီကွမ်ရီအတွက်သာ ဖြစ်သည်။ ဒါကို အားလုံးရဲ့ စိတ်ထဲ နားလည်နေကြပြီ ဖြစ်သည်။ လီကွမ်ရီနဲ့ ယှဉ်ပြိုင်ပြီး ဘယ်သူကမှ ကောင်းကင်စွမ်းအားကို ရယူဖို့ ကြိုးစားရဲတော့မည် မဟုတ်ပေ။ မိုးကောင်းကင်ကိုးခုအထက်တွင် ရှိသူဖြစ်စေ၊ ဒါမှမဟုတ် မရေမတွက်နိုင်တဲ့ တာအိုအမျိုးအစားတွေကို ထိန်းချုပ်နိုင်သူဖြစ်ပါစေ လီကွမ်ရီကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။

     "သူက တကယ်ပဲ ဧကရာဇ်ရဲ့ မျိုးဆက်လား ..."နေသူရိန်ဂိုဏ်း၏ နတ်ဘုရားသခင်အဆင့်ရဲ့ စကားကို ကြားပြီးနောက် ကျင့်ကြံသူအများအပြားမှာ စိတ်ထဲ သို့လောသို့လော ဖြစ်သွားကြရသည်။ စင်စစ်အားဖြင့် ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ တပည့်တွေပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ယခင်သိထားသည်မှာ ဧကရာဇ်မင်ရန်ရဲ့ မျိုးဆက်က ဂိုဏ်းချုပ် စုယုန်ဟောင် ဖြစ်သည်။ ပထမအကြီးအကဲကိုယ်တိုင် မျိုးဆက်သွေးကို စစ်ဆေးပြီးမှ အသိအမှတ် ပြုထားခြင်း ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now