1261 - 1265

98 2 0
                                    

စစ်ဧကရာဇ်(Chapter:1261)
(ခေါင်းကြေမွသည်အထိ ရိုက်နှက်ခြင်း)
...........................................................
     ဝှစ် ... ကုန်းစွန်းမေယွီ၏ နတ်ကြေးမုံက ယခင်ထက် လင်းလက်တောက်ပလာခဲ့၏။ ဥယျာဉ်တစ်ခုလုံးပင် လင်းထိန်သွားခဲ့ရ၏။ အားလုံးမှာ မျက်လုံးဖွင့်ကြည့်ဖို့ပင် အနိုင်နိုင် ဖြစ်နေကြရတော့သည်။

     ကြေးမုံပေါ်၌ မျက်လုံးတစ်လုံး ထွက်ပေါ်လာသည်။ ထိုမျက်လုံးသည် အလွန်လှပပြီး စွဲဆောင်မှုရှိ၏။ ညှို့ဓာတ်ပြင်းပြလွန်းသည်ဟု ဆိုပါက ပိုမှန်ပေလိမ့်မည်။ အားနည်းသူတွေ အနေနှင့် ထိုမျက်လုံးကို ကြည့်မိပါက နေ့ခင်းကြောင်တောင် လမ်းပျောက်သလို ဖြစ်သွားပေလိမ့်မည်။

     "သတိထားပါ သခင်လေး"ကျန်းပိုင်ထူနှင့် ဟုန်ယွီကျောင်းတို့က စိုးရိမ်တကြီး သတိပေးလိုက်ကြသည်။ သူတို့သည် ကုန်းစွန်းမေယွီ၏ နတ်ကြေးမုံကို ရင်ဆိုင်ခံစားထားဖူး၍ မည်မျှ ကြောက်စရာကောင်းသည်ဆိုတာကို သိကြသည်။ တစ်ချိန်ထဲမှာ လီကွမ်ရီကို ဝင်ရောက်ကူညီဖို့ ပြင်လိုက်ကြ၏။

     သို့သော် ကျန့်ရှောင်ထျဲက နှစ်ယောက်လုံးကို ဟန့်တားလိုက်သည်။ ပြီးနောက် တိုက်ပွဲကြားမှ အလျင်အမြန် ဆွဲထုတ်သွားလိုက်၏။

     "သခင်လေး ... ငါ့ကို တကယ်ရိုက်ချင်တော့မှာလားဟင် ..."ကုန်းစွန်းမေယွီ၏ ရမ္မက်ပြင်းသည့် အသံချိုချိုလေး ထွက်ပေါ်လာသည်။ ထိုအသံသည် လူတွေကို အားလျော့သွားစေနိုင်၏။ မည်သူမဆို ထိုအသံကို ကြားသည်နှင့် ကြက်သီးမွေးညင်းတွေ ထွက်ပေါ်လာပေမည်။

     လီကွမ်ရီ၏ ခြေလှမ်းတွေ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ကုန်းစွန်းမေယွီကို ရီဝေစွာဖြင့် ကြည့်လိုက်သည်။ လက်ရှိအချိန်၌ သူ့မျက်လုံးထဲ ကုန်းစွန်းမေယွီ၏ စွဲမက်ဖွယ် အလှမှတစ်ပါး အခြားအရာတွေ မရှိတော့ချေ။

     တစ်ဖက်မှာလည်း ကုန်းစွန်းမေယွီ၏ နတ်ကြေးမုံက အလင်းတန်းတွေကို ပိုမိုထုတ်လွတ်ပြီး လီကွမ်ရီကို ဆက်လက်ညှို့ငင်နေခဲ့သည်။

     "အရမ်းလှတယ်"လီကွမ်ရီ၏ မပွင့်တပွင့်အသံ ထွက်ပေါ်လာခဲ့၏။ သူသည် ကုန်းစွန်းမေယွီ၏ ထောင်ချောက်အတွင်း ကျသွားပုံရသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora