1566 - 1570

77 4 0
                                    

စစ်ဧကရာဇ်(Chapter:1566)
(ဘုရားကျောင်းအတွင်းရှိ ရတနာကိုရယူခြင်း)
..............................................................
     သက်လတ်ပိုင်းအမျိုးသားမှာ ခေါင်းကိုကုတ်နေမိပြန်သည်။ ဘိုးဘေးများက ကူးကျွမ်အကြောင်းကို မကြာခဏပြောလေ့ရှိသော်လည်း သူသိပ်မသိပါ။ ကောင်းကင်စောင့်မြို့၏ အံ့အားသင့်ဖွယ်ပုဂ္ဂိုလ်တစ်ယောက်ဆိုသည်ထက် ပို၍သိမထားပေ။ ထို့ပြင် သူသိသလောက်တော့ ဘိုးဘေးများက ကူးကျွမ်ကို လွန်စွာသတိထားကြသည်။

     "အမွှေးနံ့သာတွေကို သွားယူခဲ့"လီကွမ်ရီက သက်လတ်ပိုင်းအမျိုးသားကို အမိန့်ပေးလိုက်သည်။

     သက်လတ်ပိုင်းအမျိုးသားက ခေတ္တငြိမ်သက်နေပြီးမှ အမွှေးတိုင်အချို့ကို သွားယူသည်။ ပြီးနောက် အလျင်အမြန် မီးညှိပေးပြီး လီကွမ်ရီအား ပေးလိုက်သည်။

     လီကွမ်ရီက အမွှေးတိုင်များကို သတ်မှတ်ထားသည့်နေရာ၌ ထိုးစိုက်လိုက်သည်။ အမွှေးတိုင်မှ ဖြာထွက်လာသည့် အခိုးအငွေ့များသည် ပန်းချီကားကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ရှုခင်းများအလား လေထုအတွင်း တဖြည်းဖြည်း မြင့်တက်လာကြသည်။ သက်လတ်ပိုင်းအမျိုးသားမှာ ထိုမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်စိတ်လှုပ်ရှားသွားခဲ့ရ၏။ သူသည် ဘိုးဘေးများ အမွှေးတိုင်ထွန်းညှိပူဇော်နေချိန် အကြိမ်ပေါင်းများစွာ မြင်ဖူးသည်။ သို့သော် ယခုလိုတော့ လှပသော ရှုခင်းပန်းချီကားသဖွယ် ပြောင်းလဲသွားသည့် မီးခိုးငွေ့များကို မတွေ့ဖူးသေးပေ။

     ပို၍အံ့အားသင့်ဖို့ကောင်းသည်မှာ မီးခိုးငွေ့များသည် စမ်းချောင်းများနှင့် သစ်ပင်သစ်ကိုင်းပုံသဏ္ဍာန်များအဖြစ်ပါ ပြောင်းလဲသွားကြသည်။ မြင်ကွင်းက ကွက်ကွက်ကွင်းကွင်း ရှိလွန်းသည်။ ထို့ပြင် နွားများနှင့် သိုးများလည်း ပန်းချီးကားအတွင်း ပြေးနေသယောင်ယောင် ပုံပေါ်လာကြ၏။ တိုတောင်းသောအချိန်အတွင်း ပန်းချီကားထဲမှ အရာအားလုံးသည် အသက်ဝင်နေပုံရသည်။

     ဖူး ... နောက်ဆုံးတွင် လီကွမ်ရီက မီးခိုးငွေ့ပန်းချီကားဆီသို့ လေအနည်းငယ် မှုတ်ထုတ်လိုက်သည်။ ချက်ချင်းပင် ပန်းချီကားပျက်ပြယ်သွားပြီး မီးခိုးငွေ့များက အထိမ်းအမှတ်ကျောက်တိုင်များဆီသို့ ကွေ့ကောက်တိုးဝင်သွားခဲ့ကြ၏။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now