1211 - 1215

100 3 0
                                    

စစ်ဧကရာဇ်(Chapter:1211)
(အစီအစဉ် အစပြုခြင်း)
.....................................
     နန်းတော်အတွင်း တဒင်္ဂ တိတ်ဆိတ်သွားခဲ့သည်။ အဘိုးအိုအဖွဲ့မှာ လီကွမ်ရီကို မျှော်လင့်တကြီး ကြည့်နေမိကြသည်။ သူတို့အားလုံးက လီကွမ်ရီကို လက်မလွတ်ချင်ကြပေ။ လီကွမ်ရီကိုသာ ပိုင်ဆိုင်နိုင်ပါက ကျောင်းတော်သုံးခုကို ပြန်လည်ပေါင်းစည်းနိုင်မည်ဖြစ်သလို ယခုအခြေအနေထက်လည်း အရှိန်အဝါ ပိုမို ကြီးမားလာမည် ဖြစ်သည်။

     လီကွမ်ရီက အဘိုးအို အစုအဖွဲ့ကို ပြုံးပြလိုက်သည်။ ပြီးနောက် ခေါင်းကို ခါယမ်းကာ ပြောသည်။
     "လေဟာနယ်ပြစ်ဒဏ် ကျောင်းတော်သုံးခုနဲ့ ငါက ဘာမှ မဆိုင်ပါဘူး၊ ငါက သာမန် လမ်းသွားလမ်းလာ တစ်ယောက်ပါ"

      သို့သော် ထိုအဘိုးအိုက လက်ခံချင်သေးပုံမရပေ။
     "ဒါပေမယ့် ဘိုးဘေးဝေလငါးက မင်းကို ရွေးချယ်ထားတယ်လေ၊ ဒီလို အရွေးခံရဖို့ဆိုတာက မလွယ်ကူပါဘူး၊ ဒါက အင်မော်တယ် ဧကရာဇ်ဝူကုံးရဲ့ အလိုတော်လို့တောင် ပြောလို့ရပါတယ်"

      လီကွမ်ရီမှာ ထိုအဘိုးအိုရဲ့ စကားကြောင့် စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်မိသည်။
     "ဧကရာဇ်ဝူကုံးကို ဆွဲမထည့်ပါနဲ့၊ ငါပြောခဲ့သလိုပဲ ကျောင်းတော်သုံးခုနဲ့ ငါက ဘာမှ မသက်ဆိုင်ဘူး၊ ဒါကြောင့် ငါ့ကို မင်းတို့နဲ့ နေဖို့ မမျှော်လင့်ကြပါနဲ့"

      လီကွမ်ရီက စကားဆုံးသည်နှင့် လှည့်ထွက်လာခဲ့သည်။ အဘိုးအို အဖွဲ့မှာမူ အောင့်သက်သက်ဖြင့် ကျန်နေခဲ့ကြသည်။

      နောက်ဆုံးတွင် အဘိုးအိုအဖွဲ့က လီကွမ်ရီကို ပင်လယ်မျက်နှာပြင်ပေါ်ထိ လိုက်ပို့ကြသည်။ လီကွမ်ရီက ချက်ချင်း မထွက်ခွာသေးပေ။ ဘိုးဘေးဝေလငါးကို နူးညံ့စွာ ပြုံးပြလိုက်သည်။
     "တစ်ချိန်ချိန်မှာ ငါတို့ ပြန်ဆုံကြမယ် ..."

      "ဝူး"ဘိုးဘေးဝေလငါးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ပြီးနောက် အရှေ့ကို အနည်းငယ် တိုးကာ လီကွမ်ရီရဲ့ လက်ကို သူ့ရဲ့ဦးခေါင်းဖြင့် ပွတ်သပ်နေခဲ့သည်။

      လီကွမ်ရီနှင့် သူတို့ရဲ့ ဘိုးဘေးဝေလငါးတို့၏ ရင်းနှီးမှုကို ကြည့်ပြီးနောက် အဘိုးအိုအဖွဲ့မှာ မယုံနိုင်အောင် ဖြစ်သွားကြရသည်။ သူတို့သိထားသည်မှာ အင်မော်တယ် ဧကရာဇ်ဝူကုံးမှလွဲ၍ ဘိုးဘေးဝေလငါးနှင့် ရင်းနှီးသူ မရှိပေ။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now