စစ်ဧကရာဇ်(Chapter:1486)
(အကောင်းဆုံးနည်းစနစ်များ)
.........................................
မုန့်ကျန်းထျန်း၏ သွေးသားစွမ်းအင်များကိုကြည့်ကာ လီကွမ်ရီက ပြုံးလိုက်သည်။ထို့နောက် ပေါက်ကွဲသံတစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်ထဲမှာ ကြောက်မက်ဖွယ်စွမ်းအားများလည်း ထွက်လာခဲ့၏။ လေထုအတွင်း ကြက်သီးထချင်စဖွယ် နဂါးဟိန်းသံများက အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
လီကွမ်ရီထုတ်ဖော်လိုက်သည့် စွမ်းအင်များသည် မုန့်ကျန်းထျန်းကဲ့သို့ ကမ္ဘာကို အနှောက်အယှက်ပေးခြင်း မရှိပေ။ ထိုစွမ်းအင်များသည် နဂါးအစစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုနဂါး၏ လက်သည်းတစ်ခုတည်းကပင် အရာခပ်သိမ်းကို ဖြိုဖျက်ရန် လုံလောက်သော စွမ်းအားများ ပိုင်ဆိုင်ထားသည်။
လူအုပ်ကြီးမှာ လီကွမ်ရီနှင့် မုန့်ကျန်းထျန်းတို့၏ သွေးသားစွမ်းအင်များကိုကြည့်ပြီး အသက်ရှူမဝသလို ခံစားနေကြရသည်။ ထိုစွမ်းအင်များသည် အခြားမည်သည့်အရာထက်မဆို သာလွန်သည်ဟု ခံစားနေကြရ၏။
"ဒါက ခေတ်ရှောင်လွဲသူ ပါရမီရှင်တစ်ယောက်ရဲ့ အစွမ်းပဲ၊ လူအနည်းစုကပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်၊ သူ့ထက်အားကောင်းသူတချို့ ရှိနေသေးတယ်ဆိုပေမယ့် အဲ့ဒီလူတွေအားလုံးက သွေးသားစွမ်းအင်နဲ့ အသက်စွမ်းအားတွေ ခြောက်ခမ်းနေပြီလေ၊ မုန့်ကျန်းထျန်းကို ယှဉ်နိုင်ကြမှာမဟုတ်ဘူး ..."စကြာဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်။
ဆက်လက်ပြီး နောက်ထပ်ကျင့်ကြံသူတစ်ယောက်ကလည်း ...
"လီကွမ်ရီကိုလည်း ကြည့်ကြစမ်းပါဦး၊ ခေတ်ရှောင်လွဲထားသူတစ်ယောက် မဟုတ်ပေမယ့် သူ့ရဲ့သွေးသားစွမ်းအင်တွေက ကြောက်စရာကောင်းလိုက်တာ"ဤအခိုက်အတန့်၌ လီကွမ်ရီနှင့် မုန့်ကျန်းထျန်းတို့သည် ကြောက်မက်ဖွယ်အင်အားများကို ထုတ်ဖော်ပြီး ကမ္ဘာကြီးကို ဖိနှိပ်နေကြသည်။ နေရာအနှံ့၌ ဆူညံသံများဖြင့် အုတ်အော်သောင်းနင်းဖြစ်နေပြီး ကမ္ဘာတစ်ခုလုံး ပြိုပျက်တော့မတတ် ဖြစ်နေခဲ့၏။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...