1641 - 1645

58 3 0
                                    

စစ်ဧကရာဇ်(Chpater:1641)
(ရင့်မှည့်ချိန်)
..................
     လီကွမ်ရီက အဝါရောင်ပိုးထည်အတွင်းမှ မိန်းကလေး၏စကားအတိုင်း ကျောက်စိမ်းပုလင်းလေးကို ယူသည်။ ပြီးနောက် ပိုးထည်ကို ပုလင်းအတွင်းသို့ ထည့်လိုက်သည်။

     ချက်ချင်းပင် တစ်ခုခု အရည်ပျော်သွားသည့်အလား စူးစူးရှရှ အသံတစ်သံထွက်ပေါ်လာသည်။ ထို့နောက် မီးခိုးငွေ့များ ထွက်လာခဲ့၏။ ဤမီးခိုးများက အဆိပ်ပြင်းအငွေ့တစ်မျိုးနှင့်ပင် တူနေပေသည်။

     လီကွမ်ရီက မီးခိုးငွေ့များကိုကြည့်ပြီး ရယ်လိုက်သည်။
     "အတော်လေး ကြောက်စရာကောင်းတဲ့ ကျိန်စာပါလား၊ နှစ်တွေအများကြီး ကြာပြီးတာတောင် ကျိန်စာအကြွင်းအကျန်တွေက တကယ်ကြောက်ဖို့ကောင်းနေသေးတယ်"

     ထို့နောက် လီကွမ်ရီက ရေအိုင်ငယ်လေးကို ကြည့်ပြီး ပြုံးလိုက်သည်။
     "ဒါတွေက အမှိုက်တွေဆိုပေမယ့် မသုံးဘဲလွင့်ပစ်လိုက်ရင် နှမျောစရာကြီး၊ အကျိုးရှိရှိ သုံးလို့ရပါသေးတယ်"

     ရေအိုင်ငယ်လေး၏ အဆီအနှစ်အားလုံးကို ကျောက်စိမ်းပုလင်းလေးက စုပ်ယူထားပြီးပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤရေများသည် လွန်စွာရှားပါးသော ရတနာတန်းဝင် ပစ္စည်းများအဖြစ် ရှိနေပေသေးသည်။ ဤအိုင်အတွင်းမှ ရေတစ်စက်ရရှိရန် နှစ်ပေါင်းတစ်သောင်းခန့် ကြာမြင့်သည်။ လွန်စွာ ရှားပါးလွန်း၍ ကမ္ဘာကိုးခုရှိ ကျင့်ကြံသူများသည် ဤရေများ၏ အမည်နာမကိုပင် မသိကြပေ။

     လီကွမ်ရီက အိုင်အတွင်းရှိရေများကို အမှိုက်ဟု ပြောဆိုနေသော်လည်း လွန်စွာ အဖိုးတန်နေသေးသည်။

     "တိုက်ဆိုင်လိုက်တာ၊ ငါ့ဆီမှာ သန့်စင်ဖို့လိုနေတဲ့ ပစ္စည်းတစ်ခုရှိတယ်"လီကွမ်ရီက ပြောပြောဆိုဆိုဖြင့် ပင်မကံစွမ်းအားနန်းတော်ကို ဖွင့်ပြီး ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

     ၎င်းမှာ ယန်စပျစ်နွယ်ပင်ကြီး ဖြစ်သည်။ ပြင်ပသို့ ထွက်လာပြီး ရေအိုင်ငယ်လေးကို တွေ့တွေ့ချင်းပင် စပျစ်ပင်က အလျင်အမြန် ခုန်ဆင်းသွားသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now