1226 - 1230

126 0 0
                                    

စစ်ဧကရာဇ်(Chapter:1226)
(ပုကျန့်ဖုန်း)
...................
     ပုကျန့်ဖုန်းမှာ သက်ပြင်းချလိုက်မိသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သူ့ရဲ့အခြေအနေကို ခန့်မှန်းနိုင်ခြင်းက လီကွမ်ရီရဲ့ အရည်အချင်းကို သိသာစေသည်။ သူက လီကွမ်ရီကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
     "အစ်ကိုလီက စပျစ်ပင်ထိန်းချုပ်သူ ပီသပါတယ်၊ ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို မြင်မြင်ချင်း ပြောနိုင်တယ်ဆိုကတည်းက အစ်ကိုလီရဲ့ အရည်အချင်းက အမြင့်အဆုံးမှာ ရှိနေပါပြီ"

     ပုကျန့်ဖုန်းသည် အင်မော်တယ်ဧကရာဇ်ပုကျန့်၏ ပုကျန့်အိမ်တော်မှ ဖြစ်သည်။ အချို့က ပုကျန့်အိမ်တော်ကို အင်မော်တယ်ဧကရာဇ်ပုကျန့် တည်ထောင်ခဲ့သည်ဟု ယုံကြည်ကြသည်။ အမှန်မှာ ထိုသို့ မဟုတ်ပေ။ အင်မော်တယ်ဧကရာဇ်ပုကျန့်ခေတ် မတိုင်မီကတည်းက ပုကျန့်အိမ်တော် ရှိနေပြီး ဖြစ်သည်။ အချို့က ပုကျန့်အိမ်တော်သည် အင်မော်တယ်ဧကရာဇ်ကူချွန်း၏ အမွေဆက်ခံသူ ဂိုဏ်းလေးခုထက်ပင် ရှေးကျသည်ဟု ဆိုကြသည်။[ပုကျန့်-စစ်ပွဲ]

     ပုကျန့်အိမ်တော်သည် ဝိညာဉ်ကမ္ဘာ၌ ရှေးအကျဆုံး အဖွဲ့အစည်း မဟုတ်သော်လည်း သူတို့ထက် ရှေးကျသည့် အဖွဲ့မှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။

     ပုကျန့်ဖုန်းသည် ပု့ကျန့်အိမ်တော်၏ ဆက်ခံသူတစ်ယောက် ဖြစ်သည်။ သူ့ရဲ့ အရည်အသွေးကို အထင်သေးလို့ မရပေ။ သို့သော် ယနေ့ခေတ်ကာလတွင် ကျော်ကြားသူတွေဖြစ်သည့် ပင်လယ်ဒိုင်းကာ မင်းသားလေး၊ လေဟုန်ခွင်းတာအို နတ်ဘုရား၊ သမုဒ္ဒယာခုနှစ်စင်း နတ်သမီးတို့လိုတော့ ကျော်ကြားမှု မရှိပေ။ အကြောင်းမှာ ပုကျန့်အိမ်တော်၏ ဓလေ့အရ နိမ့်ချသည့်အသွင်ဖြင့် အမြဲနေထိုင်ကြ၍ ဖြစ်သည်။ ဒါကြောင့် ပုကျန့်ဖုန်းရဲ့ ဂုဏ်သတင်းက ယန်သခင်ကြီးနှင့် တာအိုသခင်လင်းတို့လောက်ပင် ကျော်ကြားမှု မရှိခဲ့ပေ။

      လက်ရှိခေတ်ကာလ၌ လေဟာနယ်ပြစ်ဒဏ် ကျောင်းတော်သုံးခုလည်း နိမ့်ချသည့်ပုံစံဖြင့်သာ နေခဲ့ကြသည်။ ဒါကြောင့် ကျိုးကျန့်ရှစ်နှင့် လျှိုရူယန်တို့မှာ အားကောင်းကြသော်လည်း အခြား ပါရမီရှင်တွေလောက် မကျော်ကြားရခြင်း ဖြစ်သည်။ ပုကျန့်အိမ်တော်မှာမူ ကျောင်းတော်သုံးခုထက် ပိုဆိုးသည်။ သူတို့က ပြင်ပရေးရာ ကိစ္စတွေ၌ ဝင်ရောက်ပတ်သက်ခြင်း မရှိကြပေ။ တပည့်တွေကလည်း ပြင်ပသို့ ထွက်ခွာခြင်း သိပ်မရှိကြပေ။ ဝိညာဉ်ကမ္ဘာရဲ့ ဇာတ်မြုပ်နေသူတွေဟုပင် ပြော၍ရသည်အထိ ငြိမ်သက်လွန်းလှသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now