1321 - 1325

88 4 0
                                    

စစ်ဧကရာဇ်(Chapter:1321)
(အရိုးစုတပ်)
...................
     ဧည့်ခံပွဲအတွင်း ရှိနေသူအားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ကျင့်ကြံခြင်းလောက၌ လူကောင်းတွေ ရှိသလို လူဆိုးလူမိုက်တွေလည်း မရေမတွက်နိုင်အောင် ရှိသည်။ စာရိတ္တကောင်းသူတွေ အနေနှင့် မိမိ၏ ဂုဏ်သတင်းကို အမြဲအလေးထားမည်မှာ ပြောစရာမလိုပေ။

     အခြားတစ်ဖက်တွင် လူဆိုးလူမိုက်တွေဟု အမည်ထွက်ထားသူတွေလည်း ဂုဏ်သိက္ခာကို အလေးထားကြသည်။ အထူးသဖြင့် မြင့်မားသည့် အဆင့်တစ်ခုကို ရောက်လာပါက နာမည်ဂုဏ်သတင်း မကျဆင်းအောင် ဂရုစိုက်လေ့ရှိကြသည်။

    လူဆိုးလူမိုက်တွေပင် စက်ဆုပ်ဖွယ် နည်းလမ်းတွေကို အသုံးပြုပြီး တိုက်ခိုက်လေ့ မရှိပေ။ အများစုမှာ မိမိ၏ ရန်သူကို တိုက်ရိုက်သတ်ဖြတ်သည့် နည်းလမ်းကိုသာ နှစ်သက်ကြသည်။ လိမ်ညာလှည့်ဖျားပြီး အဆိပ်ခတ်လုပ်ကြံသည့် နည်းလမ်းတွေကို တော်ရုံလူ အသုံးမပြုချင်ကြပေ။

    သို့သော် ကျောက်ဂဏန်းသခင်မူကား နာမည်ဂုဏ်သတင်း ညှိုးနွမ်းမည်ကို ဂရုမစိုက်ရုံသာမက ကိုယ့်ကိုယ်ကိုယ်ပင် ဂုဏ်ယူနေခဲ့သည်။ အားလုံးမှာ ကျောက်ဂဏန်းသခင်၏ အပြုအမူကြောင့် အံ့အားသင့် ဆွံ့အသွားကြရ၏။ အစောပိုင်းက ကျောက်ဂဏန်းသခင်၏ လီကွမ်ရီအား တောင်းပန်နေသည့် စကားတွေကို ယုံကြည်သူအချို့မှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြရတော့သည်။

    သို့သော် အကြောင်းသိတွေမှာမူ စိုးစဉ်းမျှ မအံ့ဩကြပေ။ ယခင်ကတည်းက ကျောက်ဂဏန်းသခင်၏ မာယာတွေကို တွေ့ဖူးထားပြီး မဟုတ်ပါလော။

    "ဘာလုပ်ချင်တာလဲ၊ အပြင်မှာ မိစ္ဆာထောင်ချောက်ကျောင်းတော်ရဲ့ တပည့်တွေ စောင့်နေတယ်ဆိုတာ မမေ့နဲ့ဦး ..."လျှိုရူယန်က ကျောက်ဂဏန်းသခင်ကို အေးတိအေးစက် ကြည့်ပြီး ပြောသည်။

    "ဟားဟား ... မစိုးရိမ်ပါနဲ့ သခင်မလျှို ..."ကျောက်ဂဏန်းသခင်က ကျယ်လောင်စွာ ရယ်လိုက်သည်။
     "မင်းကို လက်ရဖမ်းမိထားမှတော့ မင်းရဲ့တပည့်တွေက ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး၊ ပြီးတော့ ငါက လီကွမ်ရီရဲ့ အသက်ကိုပဲ လိုချင်တာ၊ သခင်မလျှိုနဲ့ ရန်သူဖြစ်စရာ အကြောင်းမရှိဘူး ... လီကွမ်ရီကို သတ်ပြီးတာနဲ့ သခင်မလျှိုကို ပြန်လွတ်ပေးပါ့မယ် ..."

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးTempat cerita menjadi hidup. Temukan sekarang