စစ်ဧကရာဇ်(Chapter:1151)
(ဆက်ခံသူအသစ် ရွေးချယ်ခြင်း)
..................................................
အင်မော်တယ်ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ အထူးသဖြင့် အဘိုးရှန်းမှာ အတိတ်မှ ဖြစ်ရပ်တွေကို တွေးရင်း စိတ်ထဲ လေးဖင့်နေခဲ့ရသည်။ အချိန်များစွာကြာသည်အထိ တိတ်ဆိတ်နေခဲ့ပြီးမှ လေပူတွေကို မှုတ်ထုတ်လိုက်ရင်း ပြန်ပြောသည်။
"လူငယ်တွေဆီကနေ အရင်းအမြစ်တွေကို လုယက်နေတာထက်စာရင် ငါ့လို လူအိုကြီးတွေက သေလိုက်တာတောင် ပိုကောင်းပါတယ်"လီကွမ်ရီက အဘိုးရှန်းရဲ့ စကားကြောင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။
"တကယ်လို့ မင်းသာ ငါ့နောက်ကို လိုက်ချင်တယ်ဆိုရင် ငါကြိုဆိုပါတယ်၊ ဒါပေမယ့် ငါလိုချင်တဲ့ ပစ္စည်းကို ပေးဖို့တော့ လိုအပ်တယ်"အဘိုးရှန်းမှာ အနည်းငယ် တိတ်ဆိတ်သွားရပြန်သည်။ သူက ထိုနေရာနဲ့ ပတ်သက်ပြီး ဧကရီပင်းယွီထံမှတစ်ဆင့် အချက်အလက်အနည်းငယ်ကို ကြားဖူးခဲ့သည်။ သို့သော် အသေးစိတ်ကိုတော့ ဘာမှ မသိပေ။ ထိုနေရာက သူ့အတွက် လက်လှမ်းမမီနိုင်တဲ့ နေရာတစ်ခုဖြစ်၍ အရမ်းကြီးလည်း စိတ်မဝင်စားခဲ့ပေ။
"ဘာလဲ ... မင်းက ငါ့ကိုမယုံဘူးလား"လီကွမ်ရီက တိတ်ဆိတ်နေတဲ့ အဘိုးရှန်းကြောင့် ပြုံးပြီး ပြန်မေးလိုက်သည်။
ထိုအခါမှသာ အဘိုးရှန်းက သတိပြန်ဝင်လာပြီး အလျင်အမြန် တုံ့ပြန်သည်။
"အာ ... မ ... မဟုတ်ပါဘူး၊ မြင့်မြတ်တဲ့ဆရာသခင်ကိုမှ မယုံကြည်ဘူးဆိုရင် ဘယ်သူ့ကို သွားယုံရတော့မှာလဲ၊ ဒီနိမ့်ကျသူက မြင့်မြတ်တဲ့ ဆရာသခင်ရဲ့ အမိန့်ကို လိုက်နာဖို့ အသင့်ပါပဲ""မဆိုးပါဘူး ..."လီကွမ်ရီက ကျေနပ်စွာ ပြုံးလိုက်သည်။
"ကောင်းပြီ၊ မင်းလိုချင်တာကို ပြောပါ၊ အဲ့ဒီပစ္စည်းကို အလကား မယူပါဘူး၊ ဒီကမ္ဘာမှာ အခမဲ့စားလို့ရတဲ့ နေ့လည်စာ မရှိဘူးလေ""ဒီနိမ့်ကျတဲ့သူက အများကြီး မတောင်းဆိုရဲပါဘူး"အဘိုရှန်းက အလျင်အမြန် ပြန်ပြောသည်။
"အနာဂတ်မှာ မြင့်မြတ်တဲ့ ဆရာသခင် အောင်မြင်မှုရတဲ့အချိန်ကျမှ အကျိုးခံစားခွင့်အချို့ တောင်းဆိုပါ့မယ်"
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...