1466 - 1470

95 5 0
                                    

စစ်ဧကရာဇ်(Chapter:1466)
(ဧကရာဇ်၏ အထက်မှာ)
...................................
     ကျင့်ကြံသူအများစုမှာ ရင်မောနေကြရသည်။ မျိုးနွယ်ပေါင်းစုံ အစည်းအဝေးသို့လာပြီး ခန်းမကို သွေးနှင့်ဆေးမည်တဲ့လား။ နောက်ဆုံး၌ အားလုံး၏စိတ်ထဲ တစ်စုံတစ်ရာကို နားလည်သဘောပေါက်လာခဲ့ကြ၏။ လီကွမ်ရီသည် သားရဲတွင်းမှန်းသိလျက်ဖြင့် မုန့်ကျန်းထျန်းတို့အား နှောက်ယှက်ရန်ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။

     ထိုအချိန်တွင် လီကွမ်ရီက ပလ္လင်ရှိရာသို့ တရွေ့ရွေ့ ပျံသန်းလိုက်သည်။ လမ်းတစ်ဝက်သို့အရောက်၌ အောက်သို့ငုံ့ကြည့်လိုက်ပြီး ...
     "ရိုနန်၊ ငါနဲ့အတူ ထီးနန်းတက်ကြရအောင် ..."[နန်းတက်ပွဲအခမ်းအနားများ၌ တော်ဝင်ပလ္လင်ပေါ် တက်ထိုင်ခြင်းကို ဆိုလိုသည်။]

     ချက်ချင်းပင် စစ်မှန်သော သိုင်းနတ်ဘုရားမက လီကွမ်ရီထံ ပျံသန်းသွားသည်။ လီကွမ်ရီ၏လက်ကို ဆုပ်ကိုင်ကာ ပြုံးလိုက်သည်။ ထို့နောက် နှစ်ဦးသား ဧကရာဇ်ပလ္လင်ရှိရာသို့ ဦးတည်ပြီး သွားလိုက်ကြသည်။

     အားလုံးမှာ ကောင်းကင်ထက်မှ မြင်ကွင်းကိုကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်နေမိကြသည်။ ပင်လယ်နတ်ဘုရား၏ သမီးတော်တစ်ပါးက ထီးနန်းတက်ရန် ကူညီပေးနေသည့် မြင်ကွင်းတစ်ခု။ မည်မျှကြီးစိုးလွန်းသနည်း။ ယခုလိုလုပ်ရပ်မျိုးကို ပင်လယ်နတ်ဘုရားများမှတစ်ပါး အခြားမည်သူမှ လုပ်ဆောင်ရဲမည်မဟုတ်ပေ။

     အားလုံးကို ပို၍စိတ်ရှုပ်စေသည်မှာ လီကွမ်ရီ၏အမိန့်ကို စစ်မှန်သော နတ်ဘုရားမက တသဝေမတိမ်း နားထောင်နေခြင်းပင်။ ထိုအချက်က လူတိုင်းကို စိတ်ရှုပ်ထွေးစေခဲ့သည်။

     အားလုံး ဆွံ့အမှင်တက်နေစဥ်မှာပဲ လီကွမ်ရီနှင့် စစ်မှန်သော သိုင်းနတ်ဘုရားမတို့က ပလ္လင်အနီးသို့ ရောက်သွားကြသည်။ ထိုအခါ လီကွမ်ရီက ပလ္လင်ပေါ်၌ ထိုင်သည်။ ထူးခြားချက်မှာ ဤပလ္လင်နှင့် မစိမ်းသည့်အလား ပေါ့ပေါ့ပါးပါး ထိုင်နေခြင်းဖြစ်သည်။

     လူတိုင်းသည် ကောင်းကင်အထက်မှ မြင်ကွင်းကိုကြည့်ပြီး အသက်ရှုကျပ်သွားကြသည်။ အားလုံးမှာ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ကြပေ။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now