1221 - 1225

118 1 0
                                    

စစ်ဧကရာဇ်(Chapter:1221)
(သက်တမ်းဖြည့်ဆည်းခြင်း)
...........................................
     သို့သော် အဆုံးမှာတော့ လီကွမ်ရီက အားလုံး ထင်ထားသလို အရူးမဟုတ်ပေ။ အမှန်တကယ် မိုက်ရူးရဲဆန်သူတွေက ပင်လယ်ငါးတွေ ဖြစ်သည်။ သူတို့က လီကွမ်ရီ လိုအပ်နေတဲ့ သွေးသန့်စင်ခြင်းကို ကူညီအားဖြည့်ပေးခဲ့ကြခြင်း ဖြစ်သည်။

      "ငါသာ အဲ့ဒီ ရတနာအရည် အနည်းငယ်ကို သောက်ခွင့်ရမယ်ဆိုရင် နောက်မျိုးဆက်အထိ အသက်ရှင်နိုင်လိမ့်မယ်"ဘိုးဘေးတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

      ဝုန်း ... ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသည့် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင်ထက်တွင် လျှပ်စီးအလင်းတွေ ယှက်ဖြာနေပြီး လွန်စွာ ကြောက်စရာကောင်းသည့် ကပ်ဘေးဆိုးတစ်ခုကို အစပြုဖို့ ပြင်ဆင်နေခဲ့သည်။

      ကပ်ဘေး‌ဆိုး ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။ လျှပ်စီးကြောင်းတစ်ခုချင်းစီကလည်း ကမ္ဘာကြီးကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေနိုင်သည့်အလား အားကောင်းလွန်းလှသည်။ သာမန်ကျင့်ကြံသူတွေ မဆိုထားနှင့် နတ်ဘုရားသခင်အဆင့်တွေပင် ထွက်ပေါ်လာသည့် ကပ်ဘေးဆိုးကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်မိမည်မှာ မလွဲပေ။

      "အဲ့ ... အဲ့ဒါက ဘာကြီးလဲ"လူငယ်မျိုးဆက်ထဲမှ ကျင့်ကြံသူတစ်ယောက်မှာ ကြောက်မက်ဖွယ် ကပ်ဘေးဆိုးကို ကြည့်ပြီး ကြောင်နေမိသည်။ သူ့ရဲ့ ခြေထောက်တွေကလည်း မြဲမြံစွာ ရပ်နိုင်စွမ်း မရှိတော့ဘဲ ပျော့ခွေသွားခဲ့ရတော့သည်။

      "ကောင်းကင်ပြစ်ဒဏ် ..."ဘိုးဘေးတစ်ယောက်က ထိုလူငယ်ကို ကြည့်ပြီး ရှင်းပြလိုက်သည်။
     "မရေမတွက်နိုင်တဲ့ သက်ရှိတွေရဲ့ သွေးတွေကို သန့်စင်ပြီး ရလာတဲ့ ရတနာက မိုးကောင်းကင်ရဲ့ ဆန္ဒကို ဆန့်ကျင်နေတယ်လေ၊ မိုးကောင်းကင်က ဒီလို မယုံနိုင်စရာ ရတနာမျိုးကို ဖန်တီးခွင့် မပေးထားဘူး၊ အကယ်၍ တစ်ယောက်ယောက်က ဒီအရည်ကို အသုံးပြုမယ်ဆိုရင် ကောင်းကင်ပြစ်ဒဏ်က သူ့အပေါ် ကျဆင်းလာလိမ့်မယ်"

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora