1646 - 1650

106 4 0
                                    

စစ်ဧကရာဇ်(Chpater:1646)
(အင်မော်တယ် သွေးလှံတံ)
......................................
     ဟိုင်လင်းတို့အဖွဲ့ကို အဝေးသို့ နှင်ထုတ်ပြီးနောက် လုံအောင်းထျန်း၏ ခန္ဓာကိုယ်က နေရောင်ကဲ့သို့ တောက်ပလာပေသည်။

     စက္ကန့်ပိုင်းအတွင်း သူ၏ အင်မော်တယ်ခန္ဓာကိုယ်ကို နောက်ဆုံးကန့်သတ်ချက်အထိ မြင့်တင်လိုက်ပြီး ပုလဲမြို့သို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာခဲ့သည်။ သူက ခံစစ်အရံအတားကို ကျော်ဖြတ်ကျော်ရန်အတွက် မယုံနိုင်ဖွယ် အမြန်နှုန်းကို အသုံးပြုချင်ခြင်း ဖြစ်သည်။

     ဝုန်း ... လုံအောင်းထျန်းက မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေးဝင်လာခဲ့၏။ နှစ်ဖက်ထိတွေ့မှု ဖြစ်ခဲ့ရာမှ ကမ္ဘာတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ လုံအောင်းထျန်း၏ အမြန်နှုန်းသည် အမှန်ပင် ပြိုင်ဘက်ကင်းသည်။ သို့သော် မျှော်စင်၏အတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ချေ။

     "ပုလဲမျှော်စင်ရဲ့ အရံအတားက အရမ်းအားကောင်းတာပဲ၊ လုံအောင်းထျန်းတောင် မကျော်နိုင်ဘူး"ကျင့်ကြံသူများစွာမှာ သူတို့၏အရှေ့မှ မြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်တုန်လှုပ်နေမိကြ၏။

     ထိုစဥ် လုံအောင်းထျန်းက မျှော်စင်၏ ခံစစ်အရံအတားကို တစ်ချက်ကြည့်သည်။ ပြီးနောက် မိုးကုတ်စက်ဝိုင်း၏ အဝေးဆုံးနေရာအထိ ဆုတ်ခွာလိုက်သည်။

     "သူက ဘာလုပ်နေတာလဲ"အားလုံးမှာ လုံအောင်းထျန်း၏လုပ်ရပ်ကြောင့် မျက်မှောင်ကြုတ်လိုက်မိကြသည်။
     "သူက လက်လျှော့တော့မလို့လား ..."

     လူတိုင်းလိုလို စိတ်ရှုပ်ထွေးနေကြရသည်။ သူတို့သိထားသော လုံအောင်းထျန်းသည် အလွယ်တကူ အရှုံးပေးတတ်သူ မဟုတ်ပေ။

     "ပုလဲမျှော်စင်ရဲ့ ခံစစ်အရံအတားကို ဖျက်ဆီးနိုင်ဖို့ဆို အရှိန်အဟုန်နဲ့ လုံလောက်တဲ့ အကွာအဝေးလိုတယ်လေ၊ သူက လက်လျှော့သွားတာမဟုတ်ဘူး၊ အကွာအဝေးတစ်ခုရအောင် ဆုတ်သွားတာ"နတ်ဘုရားသခင်အဆင့်တစ်ယောက်က လုံအောင်းထျန်း၏ အကြံအစည်ကို ရိပ်မိခဲ့သည်။ ထို့နောက် ကောင်းကင်မျက်လုံးကို အသုံးပြုပြီး လုံအောင်းထျန်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now